ဂျပန်နိုင်ငံ၊ တိုကျိုမြို့တော်နားက စာတိုက်တခုမှာ အမျိုးသမီး ၂ ဦးကို ဓားစာခံအဖြစ် ဖမ်းထားတယ်လို့ သံသယရှိတဲ့ အသက် ၈၆ နှစ်အရွယ် အမျိုးသားတဦးကို ရဲတပ်ဖွဲ့က ဖမ်းမိထားပြီလို့ ဂျပန်မီဒီယာတွေမှာ သတင်းထုတ်ပြန်ပါတယ်။
လက်နက်ကိုင်ထားတဲ့ အမျိုးသားတဦးက တိုကျိုမြို့တော် မြောက်ဘက်မှာရှိတဲ့ ဝါရာဘီမြို့မှာ အမျိုးသမီးငယ်တွေကို နေ့လယ်ပိုင်းအတွင်း ခေါ်ဆောင်သွားခဲ့တယ်လို့ အာဏာပိုင်တွေက အစောပိုင်းမှာ ပြောပါတယ်။
ဓားစာခံတဦး လွတ်မြောက်လာပြီးတဲ့နောက် ရဲတပ်ဖွဲ့ဝင်တွေက အဆောက်အအုံကို ဝင်ရောက်စီးနင်းခဲ့ပြီး တခြားတဦး ထွက်ပြေးခဲ့တယ်လို့ NHK သတင်းဌာနက ပြောပါတယ်။
အမျိုးသမီးနှစ်ဦးစလုံး ထိခိုက်ဒဏ်ရာ မရခဲ့ပါဘူး။ အင်္ဂါနေ့အစောပိုင်းက အိမ်နီးချင်း တိုဒါမြို့က ဆေးရုံတရုံမှာ လူနှစ်ဦး ဒဏ်ရာရခဲ့တဲ့ ပစ်ခတ်မှုနဲ့ ဆက်နွှယ်မှု ရှိ၊ မရှိကို ရဲတွေက စစ်ဆေးနေတယ်လို့ NHK သတင်းဌာနက ထုတ်လွှင့်ပါတယ်။
Source/Photo-Reuters