Home
မြန်မာသတင်း
ဖားကန့်တွင် ငွေလွှဲလုပ်ငန်း ဓားပြတိုက်ခံရပြီး သိန်း ၁,၀၀၀ ကျော်ပါသွား
DVB
·
October 31, 2023
Hpa Kant_31102023

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာက ဂျာနူး ဆေးဆိုင်နဲ့ ငွေလွှဲငွေထုတ်လုပ်ငန်းဆိုင်ကို အောက်တိုဘာ ၃၁ ရက် နေ့လယ် ၁၂ နာရီခွဲက ဓားပြတိုက်ခံရပြီး ငွေကျပ် သိန်း ၁,၀၀၀ ကျော် ပါသွားတယ်လို့ သိရပါတယ်။

ငွေလွှဲသွားသူတဦးက “ကား နှ်စီးနဲ့လာတာ၊ လက်နက်တွေရောပါတယ်။ သိန်း ၁,၂၀၀ ပါသွားတယ်လို့ ပြောပေမဲ့ မကလောက်ပါဘူး။ အရင် ဓားပြတိုက်ခံရတဲ့ ရွှေဆိုင်နားပဲ” လို့ ပြောပါတယ်။

ဂျာနူးဆိုင်ဟာ လုံးခင်းကျေးရွာ ရွာလယ်လမ်းမပေါ်မှာရှိပြီး ဓားပြတိုက်သူတွေက ရုတ်တရက် ဝင်ရောက်လာတာလို့လည်း ဆိုပါတယ်။

ဂျာနူးဆေးဆိုင် ဓားပြတိုက်ခံရမှုက လုံးခင်းကျေးရွာမှာ တလအတွင်း ဒုတိယအကြိမ်မြောက် ဓားပြတိုက်ခံရတာဖြစ်လို့ လူတွေလည်း စိုးရိမ်ထိတ်လန့်နေတယ်လို့ ဆိုပါတယ်။

အောက်တိုဘာ ၅ ရက်က မိုးရတနာရွှေဆိုင် ဓားပြတိုက်ခံရပြီး ရွှေထည်နဲ့ ငွေသား စုစုပေါင်း ကျပ်သိန်း ၆,၀၀၀ နီးပါး ဆုံးရှုံးခဲ့ရတာပါ။

ဂျာနူးငွေလွှဲလုပ်ငန်းဟာ ကချင်ပြည်နယ်အတွင်းမှာ ယုံကြည်စိတ်ချရတဲ့ ငွေလွှဲလုပ်ငန်း တခုလည်းဖြစ်ပြီး ပထမဆုံးအကြိမ် လုယက်ခံရတာလည်း ဖြစ်ပါတယ်။

ဖားကန့်မြို့နယ်အတွင်းမှာ လုယက်တိုက်ခိုက်မှု၊ ခိုးဆိုးမှုတွေက အာဏာသိမ်းမှုဖြစ်စဥ် နောက်မှာ ပိုမိုဆိုးဝါးလာတာ ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024