Home
မြန်မာသတင်း
ရေဦးမြို့နယ်တွင် စစ်ကောင်စီတပ်က ပြည်သူ ၂ ဦးနှင့် PDF တပ်ဖွဲ့ဝင် ၂ ဦးကို သတ်ဖြတ်
DVB
·
October 31, 2023
Yay Oo

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ မစိုးရိမ်ရွာကို အောက်တိုဘာ ၃၀ ရက် ည ၉ နာရီခွဲမှာ စစ်ကောင်စီတပ်က ဝင်ရောက်ပြီး အရပ်သားပြည်သူ‌ ၂ ဦးနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် ၂ ဦးကို သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဆိုပါစစ်ကြောင်းဟာ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ဒီပဲယင်းမြို့ကနေ ရေဦးကို စစ်ကြောင်းထိုးလာခဲ့ပြီး ရေဦးမြို့နယ် အတွင်းကနေ ဒီပဲယင်းမြို့ဘက်ကိုအပြန် အခုလို သတ်သွားတာဖြစ်တယ်လို့ ရေဦးမြို့နယ်က ပြည်သူတေွက ပြောပါတယ်။

ရေဦးဒေသခံ ကိုအောင်ဘာလေက “စစ်ကြောင်းအကုန်လုံး ကား နှစ်စီးနဲ့ ခေါ်သွားတယ်အထင်နဲ့ မုတ်စီရွာသားတဦး ရွာထဲပြန်ဝင်ရာမှာ ရွာထဲမှာကျန်ခဲ့တဲ့ စစ်သားတွက ပစ်ခတ်လို့ ပြန်လည်ထွက်ပြေးခဲ့ရတယ်ဗျ။ ည ၉ နာရီလောက်ကျတော့ ရေဦးမြို့က‌နေ ကား‌လေး ၂ စီးနဲ့ မုတ်စီရွာကို ထပ်ရောက်လာပြီး မုတ်စီရွာမှာ ကျန်ခဲ့တဲ့ စစ်သားတွေနဲ့အတူ ဒီပဲယင်းမြို့ဘက်ကို ပြန်စစ်ကြောင်းထိုးပါတယ်။ အဲလို စစ်ကြောင်းထိုးရင်း မစိုးရိမ်ရွာကို ရုတ်တရက် ဝင်ရောက်ပစ်ခတ်ပြီး PDF ရဲဘော် ၂ ဦးနဲ့ ပြည်သူ ၂ ဦးကို သတ်ဖြတ်သွားတယ်ဗျ။ မစိုးရိမ်ရွာသား အများအပြားကို ဖမ်းဆီးသွားတယ်” လို့ ပြောပါတယ်။

အခုလို စစ်ကောင်စီစစ်ကြောင်းက မစိုးရိမ်ရွာကို ဝင်ရောက်ပစ်ခတ် သတ်ဖြတ်ခဲ့တဲ့ ၄ ဦးထဲမှာ အရပ်သား အမျိုးသမီးတဦးလည်း ပါဝင်ပြီး ရွာသားတချို့ ဒဏ်ရာရတယ်လို့ သိရပြီး ဒဏ်ရာရရှိတဲ့ အရပ်သားတွေကို ရေဦးမြို့နယ် ပြည်သူကာကွယ်ရေး ဆေးအဖွဲ့က‌‌နေ ကူညီဆေးကုသပေးနေရတယ်လို့ ရေဦးကာကွယ်ရေးခေါင်းဆောင်တွေက ပြောပါတယ်။

ရေဦးမြို့နယ် ကာကွယ်ရေးခေါင်းဆောင်တဦးက “ရုတ်တရက်ဝင်ရောက်တာဆိုတော့ ရွာသားတွေ ကြောက်အားလန့်အားနဲ့ အသက်လု ထွက်ပြေးခဲ့ကြရတာဆိုတော့ ကလေးတွေနဲ့ မိဘတွေ တကွဲတပြားဖြစ်ကြတာတွေလည်း ရှိတယ်။ အဲလို တကွဲတပြားဖြစ်နေတဲ့ မိသားစုတွေကိုလည်း ပြန်ရှာပေးနေရတယ်ဗျ။ ရွာထဲဝင်ပစ်လို့ ထိခိုက်ဒဏ်ရာရတဲ့ ရွာသားတွေလည်း ဆေးကုသပေးထားရတယ်” လို့ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ ပြောပါတယ်။

ရေဦးမြို့နယ်နဲ့ ဒီပဲယင်းမြို့နယ်ကို စစ်ကောင်စီစစ်ကြောင်းက အကြိမ်ကြိမ် ကူးသန်းသွားလာ စစ်ကြောင်းထိုးတာတွေ လုပ်ဆောင်နေတာကြောင့် ဒေသခံတွေ လယ်ယာလုပ်ငန်း မလုပ်ကိုင်နိုင်ဘဲ စားဝတ်နေရေးအတွက် အခက်အခဲ‌တွေနဲ့ ရင်ဆိုင်‌ေနရပြီး အရေးပေါ် ကူညီမှုတွေလည်း လိုအပ်နေတယ်လို့ စစ်ဘေးရှောင်ကူညီသူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024