Home
နိုင်ငံတကာ
အစ္စရေးနှင့် လက်ဘနွန် အခြေစိုက် ဟဇ်ဘိုလာအဖွဲ့  တိုက်ပွဲဖြစ်
DVB
·
October 30, 2023
Border tensions with Israel push Lebanese fishermen away from waters in port city of Tyre

အစ္စရေးနဲ့ လက်ဘနွန်အခြေစိုက် ဟဇ်ဘိုလာအဖွဲ့တို့ကြား တိုက်ပွဲကြောင့် တာယာမြို့က ရေလုပ်သားတွေ ပင်လယ်ပြင်ထွက် ငါးဖမ်းဖို့ အန္တရာယ် များနေပါတယ်။

အစ္စရေးနဲ့ ဂါဇာကမ်းမြောင်က ဟားမတ်စ်တွေ အောက်တိုဘာ ၇ ရက်က စပြီး စစ်ဖြစ်ချိန်မှာ ဟားမတ်စ်တွေရဲ့ မဟာမိတ် ဟဇ်ဘိုလာတွေက နယ်စပ်မှာ အစ္စရေးတွေနဲ့ အပြန်အလှန် ပစ်ခတ်ခဲ့ပါတယ်။

တိုက်ပွဲက ပေါက်ကွဲသံတွေက ၁၂ မိုင်အကွာမှာရှိတဲ့ တာယာမြို့ကနေ ကြားနေရလို့ မြို့နားမှာပဲ ငါးဖမ်းနိုင်တယ်လို့ တံငါသည်တွေက ပြောပါတယ်။

ငါးဖမ်းသမား အာမဒ် အာဇူဇူက “ငါးတွေက ရှားနေရတဲ့အထဲ ခုတော့ ကျနော်တို့ဆီမှာ စစ်ပါဖြစ်နေပြီ။ အန္တရာယ်ရှိလို့ နာကိုရာနဲ့ အယ်လ်ဘေးယာဒါလို တောင်ပိုင်းဒေသတွေကို မသွားဖို့ လက်ဘနွန်စစ်တပ်က ကျနော်တို့ကို သတိပေးထားတယ်” လို့ ပြောပါတယ်။

ပိုလီနီရှန်းလူမျိုးတွေ မြေထဲပင်လယ်ဒေသတဝန်း ရွက်လွှင့်ချိန်ကတည်းက ရှေးဟောင်း လူ့အဖွဲ့အစည်းရဲ့ ဗဟိုချက်ဖြစ်တဲ့ တာယာမြို့မှာ ငါးဖမ်းလုပ်ငန်းဟာ လူဦးရေ ၂၀၀၀ လောက်ကို အလုပ်အကိုင် ပေးထားတာပါ။

ငါးနဲ့ ပင်လယ်စာထုတ်လုပ်ရေးလုပ်ငန်းဟာ လက်ဘနွန်မှာ မိသားစု ၄၀၀၀ ကျော်ကို ထောက်ပံ့နိုင်ပြီး တနှစ်ကို ဝင်ငွေ အမေရိကန် ဒေါ်လာ ၃၇၇ သန်းကို ဖန်တီးပေးနေတယ်လို့ ကုလသမဂ္ဂရဲ့ ကိန်းဂဏန်းတွေက ပြောထားပါတယ်။

Source/Photo - Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024