ဟာရီကိန်းမုန်တိုင်း အိုတစ်ဒဏ်သင့် မက္ကဆီကိုနိုင်ငံ အကာပါကိုမြို့ခံ ဒါဇင်ပေါင်းများစွာဟာ ရိက္ခာနဲ့ ရေရဖို့ အောက်တိုဘာ ၂၉ ရက် မနက်က မက္ကဆီကို စစ်တပ်ကုန်ကား တစီးရှေ့မှာ စောင့်ဆိုင်းနေကြပါတယ်။
အကူအညီတွေ ပို့ပေးဖို့ သမ္မတ အန်ဒရေ မန်နျူရယ် လိုပက်ဇ် အိုဘရဒေါရဲ့ အစိုးရဆီ တောင်းဆိုတဲ့ အနေနဲ့ နေပူဒဏ်ကနေ ထီးတွေ ကတ်ထူပြားတွေနဲ့ အကာအကွယ်ယူရင်း လူတွေ တန်းစီ နေခဲ့ကြတာပါ။
အစိုးရက အကူအညီတွေ လုံလောက်အောင် မပေးနိုင်ဘူးလို့ စားနပ်ရိက္ခာနဲ့ ရေကို ခက်ခက်ခဲခဲ ရှာဖွေနေရတဲ့ ရပ်ကွက်တွေမှာ နေထိုင်သူတွေက စွပ်စွဲခဲ့ပါတယ်။
မက္ကဆီကိုကမ်းခြေ အပန်းဖြေစခန်းမြို့ အကာပါကိုမှာ ခုသီတင်းပတ်အတွင်း ပြင်းထန်တဲ့ ဟာရီကိန်း မုန်တိုင်းကြောင့် သေဆုံးသူ ၃၉ ဦးအထိ မြင့်တက်လာခဲ့ပါတယ်။
အိမ်ခြေ နှစ်သိန်း နှစ်သောင်းကျော်နဲ့ ဟိုတယ်ကဏ္ဍရဲ့ ၈၀ ရာခိုင်နှုန်း ထိခိုက်ခဲ့ပြီး လူပေါင်း ၅၁၃,၀၀၀ ကျော် လျှပ်စစ်ဓာတ်အား ဆုံးရှုံးခဲ့ပါတယ်။
Source/Photo-Reuters