ကာဇက်စတန်နိုင်ငံက အာဆေလာမစ်တယ် သံမဏိထုတ်လုပ်ရေး ကော်ပိုရေးရှင်းက ပိုင်တဲ့ ကျောက်မီးသွေးတွင်း ပေါက်ကွဲမီးလောင်မှုကြောင့် သေဆုံးသူဦးရေဟာ အောက်တိုဘာ ၂၉ ရက်မှာ ၄၅ ဦးအထိ မြင့်တက်လာပါတယ်။
မြေအောက်မှာ ကျန်နေတယ်လို့ ယူဆရတဲ့ မိုင်းတွင်းလုပ်သားတဦးကို ရှာဖို့ အရေးပေါ်အဖွဲ့တွေက ပူးပေါင်း ဆောင်ရွက်ခဲ့တယ်လို့ အရေးပေါ်ဌာန တာဝန်ရှိသူတွေက ပြောပါတယ်။
အောက်တိုဘာ ၂၈ ရက်က လူဇင်ဘတ် နိုင်ငံအခြေစိုက် သံမဏိထုတ်လုပ်သူ အာဆေလာမစ်တယ်ရဲ့ ကာဇက်စတန်နိုင်ငံအတွင်း လုပ်ငန်းစီမံခန့်ခွဲသူရဲ့ လက်အောက်ခံ ကိုစတန်ကို ကျောက်မီးသွေးတွင်းမှာ မီသိန်းဓာတ်ငွေ့ ပေါက်ကွဲမှုဖြစ်ပုံရပြီး လူ ၂၅၂ ဦးထဲက ၂၀၆ ဦးကို ဘေးလွတ်ရာ ကယ်ထုတ်နိုင်ခဲ့ပါတယ်။
သေဆုံးသူအရေအတွက်နဲ့ အဓိကကျောက်မီးသွေး တူးဖော်ရေးဌာနဖြစ်တဲ့ ကာရာဂန်ဒါမှာ ကယ်ဆယ်ရေး ဆက်လုပ်နေတယ်လို့ အကြီးတန်းအရေးပေါ်ဝန်ဆောင်မှုအရာရှိ ဂန်နာဒီ စီလင်စကီ က ကာဇက်စတန်နိုင်ငံ အခြေစိုက် Khabar-24 ရုပ်မြင်သံကြားဌာနကို အောက်တိုဘာ ၂၉ ရက်မှာ အတည်ပြုပြောကြားခဲ့ပါတယ်။
နှစ်မိုင်ခွဲ ဝေးတဲ့ ဧရိယာနှစ်ခုမှာ ကယ်ဆယ်ရေး လုပ်ငန်းတွေ ဆက်လုပ်နေပေမယ့် ဓာတ်အားပြတ်တောက်မှုနဲ့ စက်ကိရိယာတွေ ပျက်ဆီးတာတွေကြောင့် အဟန့်အတား ဖြစ်နေတယ်လို့ အစောပိုင်းက ထုတ်ပြန်ချက်တွေက ဆိုထားပါတယ်။
Source/Photo-Reuters