Home
မြန်မာသတင်း
အာဏာသိမ်းရက် ၁၀၀၀ ပြည့် သွေးစွန်းငွေဖြတ်တောက်ရေးအဖွဲ့ စင်ကာပူအစိုးထံ အိတ်ဖွင့်စာ ပေးပို့
DVB
·
October 29, 2023
singapore

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းထားတာ ရက်ပေါင်း ၁၀၀၀ ပြည့်တဲ့နေ့ အောက်တိုဘာ ၂၉ ရက်မှာ သွေးစွန်းငွေ ဖြတ်တောက်ရေး အင်အားစုကနေ ပြည်သူတွေရဲ့ လက်မှတ် ၂၇,၇၀၀ ကျော်နဲ့ အဖွဲ့အစည်းပေါင်း ၃၀၀ ကျော်ရဲ့ လက်မှတ်တွေ ပါဝင်တဲ့ အိတ်ဖွင့်ပေးစာကို စင်ကာပူအစိုးရဆီ ပေးပို့လိုက်ပါတယ်။

စင်ကာပူနိုင်ငံက စစ်ကောင်စီကို လက်နက်ထောက်ပံ့နေတဲ့ နိုင်ငံတွေထဲမှာ တတိယ အကြီးဆုံး နိုင်ငံဖြစ်တာကြောင့် စစ်ကောင်စီအစိုးရထံ သွေးစွန်းငွေ ဖြတ်တောက်ရေးအဖွဲ့ကနေ အချက် ၃ ချက် အဓိက တောင်းဆိုခဲ့ပါတယ်။

အိပ်ဖွင့်စာမှာ စစ်အုပ်စုကို လက်နက်တွေ၊ စစ်ဘက်သုံး ကုန်ပစ္စည်းတွေ၊ လေယာဉ်ဆီတွေ အပါအဝင် ငွေကြေး လွှဲပြောင်း ရောင်းချမှုတွေကို ဒဏ်ခတ် ပိတ်ဆို့ဖို့၊ စင်ကာပူ ဘဏ်တွေမှာ အပ်နှံထားတဲ့ ငွေကြေးစနစ်တွေ အားလုံးကို စစ်တပ် အသုံးမပြုနိုင်အောင် ပိတ်ဆို့ပေးဖို့၊ မြန်မာ တရားဝင် အစိုးရ ပိုင်ဆိုင်တဲ့ အရန်ငွေကြေးကို စကစ မသုံးစွဲနိုင်အောင် ပိတ်ဆို့ပေးဖို့နဲ့ စစ်အုပ်စုကို လက်နက် ရောင်းချမှုမှာ ပါဝင်ပတ်သက်နေတဲ့ ကုမ္ပဏီတွေကို စုံစမ်းစစ်ဆေးပေးဖို့ အဲဒီအချက်တွေ ပါဝင်ပါတယ်။

အာဏာသိမ်း ရက် ၁၀၀၀ ပြည့်အနေနဲ့ အောက်တိုဘာ ၂၅ ရက်ကနေ ၃၁ ရက်အထိ ပြည်တွင်းပြည်ပမှာရှိတဲ့ တော်လှန်ရေး အင်အားစုတွေ၊ အရပ်ဘက်အဖွဲ့တွေနဲ့ ပြည်သူတွေ စုပေါင်းပြီး စင်ကာပူ အစိုးရကို ဖိအားပေးဖို့ ကမ္ဘာလုံးဆိုင်ရာ လူထုလှုပ်ရှားမှု အနေနဲ့ ပြုလုပ်နေတာ ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024