ဩစတြေးလျနိုင်ငံ ကွင်းစလန်းပြည်နယ်က လူထောင်ပေါင်းများစွာကို ဘေးလွတ်ရာရွှေ့ဖို့ အောက်တိုဘာ ၂၈ ရက်မှာ အာဏာပိုင်တွေက တိုက်တွန်းလိုက်ပါတယ်။
တောမီးလောင်ဟာ အိမ်ခြေ ၃၀ ထက်မနည်းကို လောင်ကျွမ်းခဲ့ပြီး ကျေးလက်မြို့တွေကို ဆက် ခြိမ်းခြောက် နေပါတယ်။
ပြည်နယ်မြို့တော် ဘရစ္စဘိန်းရဲ့ မြောက်ဘက် မိုင် ၅၅၀ အကွာ ကွင်းစလန်းပြည်နယ်ထဲမှာ စနေနေ့က တောမီး ၃၅ နေရာ ကျော် လောင်ကျွမ်း ခဲ့တယ်လို့ မီးသတ်အာဏာပိုင် တွေက ပြောပါတယ်။
တောမီး၊ ဆိုင်ကလုန်းနဲ့ မိုးခေါင်တာတွေ အပါအဝင် ပြင်းထန်တဲ့ ဖြစ်ရပ်တွေနဲ့ ဆက်နွှယ်တဲ့ အယ်နီညိုရာသီဥတု ဖြစ်စဉ် စတင်ပြီးတဲ့နောက် ဩစတေးလျ နိုင်ငံဟာ အန္တရာယ် မြင့်မားတဲ့ တောမီးရာသီကို ရင်ဆိုင်နေရ ပါတယ်။
ကွင်းစလန်း မီးသတ်နှင့် အရေးပေါ် ဌာနတွေဟာ လူဦးရေ ၃၈၀၀ လောက်ရှိတဲ့ တာရာမြို့ အပါအဝင် နေရာတွေမှာ အရေးပေါ် တောမီးသတိပေးချက်ကို စနေနေ့က ထုတ်ပြန်ခဲ့ပြီး ဒေသခံတွေ ဘေးကင်းရာကို ချက်ချင်း ထွက်ခွာကြဖို့ တိုက်တွန်း ထားပါတယ်။
မြောက်ဘက် မိုင် ၃၂၀ အကွာမှာရှိတဲ့ ကိုလိုစီယံနဲ့ မောင့်တွန်မ် ကျေးလက်ဒေသ တွေနဲ့ သဂမ်းစ်၊ ဝီအမ်ဘီယာလို ကျေးလက်ဒေသတွေနားက နေရာတွေမှာပါ အရေးပေါ်သတိပေးချက်တွေ ထုတ်ပြန် ထားပါတယ်။
Source/Photo-Reuters