ထိုင်ဝမ်ကျွန်းရဲ့ မြို့တော် ထိုင်ပေက အာရှရဲ့ အကြီးဆုံး Pride ချီတက်ပွဲမှာ လိင်စိတ်ခံယူချက် ကွဲပြားသူ LGBTQ+ တွေအတွက် တန်းတူညီမျှမှုနှင့် မတူကွဲပြားမှုဆိုင်ရာ အထိမ်းအမှတ်အဖြစ် အောက်တိုဘာ ၂၈ ရက်က လူထောင်ပေါင်း များစွာ ချီတက်ခဲ့ကြပါတယ်။
ပါဝင်တက်ရောက်သူတွေဟာ အလှဆင်ထားတဲ့ ထရပ်ကားတွေရဲ့ နောက်ဘက်မှာ သက်တန့်ရောင် ၀တ်စုံတွေ ဝတ်ထားတဲ့ ဖျော်ဖြေတင်ဆက်သူတွေနဲ့အတူ ထိုင်ပေမြို့လယ်ခေါင်မှာ စုဝေးခဲ့ကြ ပါတယ်။
နိုင်ငံခြားသား အများအပြားအပါအဝင် တက်ရောက်သူ ဦးရေ တသိန်းခွဲလောက် ရှိတယ်လို့ ပွဲစီစဉ်သူ တွေက ပြောပါတယ်။
ဒီချီတက်ပွဲဟာ LGBTQ+ အသိုက်အဝန်းက တခြားသူတွေနဲ့ အတူတူပဲဆိုတာ အများပြည်သူကို ပြဖို့ အခွင့်အလမ်းကောင်းဖြစ်ပြီး ကမ္ဘာကြီးက ပို 'လက်ခံနိုင်တဲ့နေရာ' ဖြစ်လာဖို့ မျှော်လင့်တယ်လို့ ဟောင်ကောင်က ပွဲတက်သူ တယောက်က ပြောပါတယ်။
ထိုင်ဝမ်ဟာ လိင်တူလက်ထပ်ခြင်းကို ၂၀၁၉ ခုနှစ်မှာ တရားဝင်ခွင့်ပြုခဲ့တာပါ။
နိုင်ငံအများအပြားမှာ လိင်တူဆက်ဆံမှု တရားမဝင်ဖြစ်နေတဲ့ အာရှမှာ လိင်တူတွေ တရားဝင် လက်ထပ်ခွင့်ကို ပထမဆုံး ခွင့်ပြုတဲ့ နိုင်ငံဖြစ်လာပါတယ်။
Source/Photo-Reuters