လောင်စာဆီပြတ်လပ်မှုကြောင့် အာဂျင်တီးနားနိုင်ငံ ဗျူနိုအေးရိစ်မြို့နဲ့ တခြားမြို့တွေက လောင်စာဆီ အရောင်းဆိုင်တွေမှာ ယာဉ်မောင်းတွေဟာ အောက်တိုဘာ ၂၈ ရက်မှာ တန်းစီစောင့်ဆိုင်း နေကြပါတယ်။
ငွေကြေး ဖောင်းပွမှု ၁၄၀ ရာခိုင်နှုန်းနီးပါးနဲ့ အခုနှစ်အတွင်း ငွေကြေးတန်ဖိုး ၄၂ ရာခိုင်နှုန်း ကျဆင်းခဲ့တဲ့ စီးပွားရေး အကျပ်အတည်းကြောင့် မပြေလည်တဲ့ နိုင်ငံသားတွေဟာ ရှည်လျားတဲ့ လူတန်းကြီးအဖြစ် စောင့်နေရလို့ စိတ်ချဉ်ပေါက်နေကြတယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။
သီတင်းပတ်ချီ ပိတ်ရက်တွေ အတွင်း ခရီးသွားလုပ်ငန်းတွေ ခါးပြတ်ကုန်ပြီး အောက်တိုဘာ ၂၂ ရက် သမ္မတရွေးကောက်ပွဲအပြီးမှာ ကုန်စျေးနှုန်းတွေ မြင့်တက် လာနိုင်တယ်ဆိုတဲ့ ကောလာဟလတွေကို အာဂျင်တီးနားအစိုးရက ရင်ဆိုင်နေရပါတယ်။
မဲခွဲဆုံးဖြတ်မယ့်ရက်က နိုဝင်ဘာ ၁၉ ရက်ပါ။
တင်သွင်းလာတဲ့ လောင်စာဆီတွေ စတင်ရောက်ရှိနေပြီး လာမယ့်ရက်တွေအတွင်း ပြတ်လပ်မှု ပြေလျော့ သင့်တယ်လို့ အစိုးရနဲ့ ရေနံကုမ္ပဏီတွေက စနေနေ့မှာ ပြောကြားခဲ့ပါတယ်။
Source/Photo-Reuters