အီဂျစ်နိုင်ငံ မြို့တော်ကိုင်ရိုရဲ့ မြောက်ဘက် ၈၂ မိုင်အကွာမှာ အောက်တိုဘာ ၂၈ ရက်က ကားစီးရေ အများအပြား အချင်းချင်း တိုက်မိတဲ့ အတွက် လူ ၃၂ ဦး သေဆုံးပြီး ၆၃ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
ဘီဟေးရာပြည်နယ်ထဲက အဓိက ကန္တာရလမ်းမကြီးပေါ် မှာ မနက်ပိုင်းက ယာဉ်တိုက်မှုဖြစ်ခဲ့တာပါ။
ယာဉ်တစ်စီးကနေ ဆီယိုစိမ့်လို့ ကားတချို့ တိုက်မိပြီး မီးလောင်ခဲ့တာလို့ ရဲသတင်းရင်းမြစ်ကို ကိုးကားပြီး အစိုးရပိုင် အယ်လ်အာရမ် သတင်းစာက ဖော်ပြခဲ့ပါတယ်။
ယာဉ်တိုက်မိတဲ့နေရာမှာ အရေးပေါ် ဝန်ဆောင်မှု ဝန်ထမ်းတွေ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေတယ်လို့ အီဂျစ် ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။
Source/Photo-Reuters