ကာဇက်စတန်နိုင်ငံမှာ သတ္တုတွင်း မီးလောင်လို့ လူ ၂၈ ဦးထက်မနည်း သေဆုံးပြီး ၁၈ ဦး ပျောက်နေတယ်လို့ အရေးပေါ်အခြေအနေတွေအတွက် ဝန်ကြီးဌာနက အောက်တိုဘာ ၂၈ရက်မှာ ပြောပါတယ်။
သံမဏိထုတ်လုပ်ရေးလုပ်ငန်းရဲ့ ဒေသဆိုင်ရာ အော်ပရေတာကတော့ မီးလောင်မှုဟာ မီသိန်း ဓာတ်ငွေ့ ပေါက်ကွဲမှုဖြစ်ပုံရပြီး “ကိုစတန်ကို သတ္တုတွင်းထဲက လူ ၂၅၂ ဦးထဲက လူ ၂၀၆ ဦးကို ဘေးလွတ်ရာရွှေ့ပြောင်း ခဲ့ရကာ လူ ၁၈ ဦးက ဆေးကုသမှု ခံယူခဲ့ပါတယ်။
ကာဇက်စတန်သမ္မတက သေဆုံးသူတွေရဲ့ မိသားစုတွေအတွက် ဝမ်းနည်းကြောင်း ထုတ်ဖော်ပြောကြားပြီး အောက်တိုဘာ ၂၉ ရက်မှာ အမျိုးသားဝမ်းနည်းခြင်းနေ့ကို ကြေညာခဲ့ ပါတယ်။
အစိုးရနဲ့ ကုမ္ပဏီတို့ဟာ နိုင်ငံရဲ့ အကြီးဆုံး သံမဏိစက်ရုံကို လည်ပတ်နေတဲ့ ကုမ္ပဏီအနဲ့အတူ ပြည်သူပိုင်သိမ်းဖို့ အပြီးသတ် သဘောတူညီချက်တစ်ရပ်ကို လုပ်ဆောင်နေတယ်လို့ အတည်ပြုခဲ့ပါတယ်။
Source/Photo-Reuters