မိန်းပြည်နယ် လူးဝစ်စတန်မြို့မှာ လူ ၁၈ ဦး သေဆုံးပြီး ၁၃ ဦး ဒဏ်ရာရရှိခဲ့တဲ့ လူအစုလိုက်အပြုံလိုက် သေနတ်ပစ်ခတ်မှုကို ကျူးလွန်သူ ရောဘတ်ကာ့ဒ်ကို အောက်တိုဘာ ၂၇ ရက်က သေဆုံးလျက်သား တွေ့ရှိခဲ့ကြောင်း မိန်းပြည်နယ် အုပ်ချုပ်ရေးမှူး ဂျဲနက် မင်းလ်စ် က ပြောပါတယ်။
ဗုဒ္ဓဟူးနေ့ညက ပစ်ခတ်မှုအပြီး သိပ်မကြာခင်မှာ သူ့ကားကို စွန့်ပစ်ခဲ့ရာ လစ္စဘွန်း ရေတံခွန်အနီးက တောအုပ်ထဲမှာ အသက် ၄၀ အရွယ် ရောဘတ်ကာ့ဒ်ရဲ့ အလောင်းကို ရဲတပ်ဖွဲ့က တွေ့ရှိခဲ့တာပါ။
ကာ့ဒ်ဟာ သူ့ဖာသာသူ သေနတ်ဒဏ်ရာ ရရှိပြီး သေဆုံးခဲ့တာဖြစ်ကြောင်း မိန်းပြည်နယ် ပြည်သူ့လုံခြုံရေးဌာနမှ ကော်မရှင်နာ မိုက် ဆောရွှတ်ခ် က ပြောကြားခဲ့ပါတယ်။
အမေရိကန်စစ်တပ် အရန်တပ်ဖွဲ့ဝင် ရောဘတ်ကာ့ဒ်ဟာ ဗုဒ္ဓဟူးနေ့ညက ပထမဆုံး ဘိုးလင်းလမ်းကြားက Just-In-Time Recreation စားသောက်ဆိုင်ကို ပစ်ခတ်ခဲ့ပြီးတော့ မိနစ်အနည်းငယ်အကြာမှာတော့ ဂိမ်းကစားပွဲတခုကို လက်ခံကျင်းပနေတဲ့ ရှမန်းဂီးစ် ဘားနဲ့အကင်စုံ စားသောက်ဆိုင်မှာ သူ့ရဲ့သားကောင်တွေကို ပစ်ခတ်ခဲ့တယ်လို့ အရာရှိတွေက ပြောပါတယ်။
တာဝန်ရှိသူတွေဟာ သံသယရှိသူရဲ့ ပစ်ခတ်ရတဲ့ အကြောင်းရင်းကို ထုတ်ဖော်ပြောကြားခြင်း မရှိပါဘူး။
မိန်းပြည်နယ်သမိုင်းမှာ လူသေဆုံးမှု အများဆုံး သေနတ်အကြမ်းဖက်မှု ဖြစ်ပွားခဲ့တဲ့ ၄၈ နာရီကြာ လူဖမ်းမှုကိုလည်း အဆုံးသတ်ခဲ့ပါတယ်။
Source/Photo-Reuters