Home
နိုင်ငံတကာ
ဘရာဇီးတွင် ကြက်ငှက်တုပ်ကွေးရောဂါကြောင့် ရေနေနို့တိုက်သတ္တဝါ ၅၀၀ ကျော်သေဆုံး
DVB
·
October 27, 2023
BrazilBirdFlu_27102023

ဘရာဇီးနိုင်ငံမှာ အောက်တိုဘာလအတွင်းက ရေနေနို့တိုက်သတ္တဝါ ၅၀၀ ကျော် သေဆုံးခဲ့ကြောင်း အောက်တိုဘာ ၂၆ ရက်မှာ ဒေသမီဒီယာတွေက ထုတ်ပြန်ပါတယ်။

ရီယိုဂရန်ဒီမြို့ရဲ့ တောင်ပိုင်းရှိ ပရိုင်ယာဒိုကာစီနိုကမ်းခြေမှာ အောက်တိုဘာလဆန်းပိုင်းက စတင်တွေ့ရှိခဲ့တာဖြစ်ပြီး ပြည်နယ်အစိုးရက ကမ်းခြေတွေမှာ တွေ့ရှိတဲ့ နို့တိုက်သတ္တဝါအသေတွေကို စမ်းသပ်ခဲ့တာပါ။

ရီယိုဂရန်ဒီဒိုဆူလ် ဖက်ဒရယ်တက္ကသိုလ်ရဲ့ သမုဒ္ဒရာပြတိုက်မှ ဒါရိုက်တာ လော်ရို ဘာဆဲလော့စ်က “ကြက်ငှက်တုပ်ကွေး ဖြစ်ပွားမှုကြောင့် ပင်လယ်ခြင်္သေ့လို့ ခေါ်ကြတဲ့ ပင်လယ်ဖျံတွေရဲ့ အရေအတွက်ကို လျော့နည်းကုန်ရတာ တကယ့်ကို စိတ်မကောင်းစရာပါ” လို့ ပြောပါတယ်။

နောက်ထပ်စစ်ဆေးမှုတွေတော့ မပြုလုပ်တော့ပေမဲ့ ကြက်ငှက်တုပ်ကွေးဟာ ဇုန်တဝန်းကို ပျံ့နှံ့သွားပြီးတော့ ဒီတိရစ္ဆာန်အားလုံးဟာ ကြက်ငှက်တုပ်ကွေးကြောင့် သေဆုံးတယ်လို့ ယူဆကြောင်း တိရစ္ဆာန်သန့်ရှင်းရေး အထူးကြပ်မတ်ရေးမှူး ဖရန်စစ်စကို လိုပက်စ်က ပြောပါတယ်။

တာဝန်ရှိသူတွေဟာ ရောဂါပျံ့နှံ့မှုကို ရပ်တန့်ဖို့အတွက် သေဆုံးနေတဲ့ ရေနေနို့တိုက်သတ္တဝါတွေရဲ့ ရုပ်အလောင်းတွေကို ရှင်းလင်းခဲ့ပြီး ကမ်းခြေမှာ မြှုပ်နှံခဲ့ပါတယ်။

အာဏာပိုင်တွေဟာ ရောဂါကူးစက်ခံရမှုကနေ တားဆီးကာကွယ်ဖို့အတွက် ဖျားနာ၊ သေဆုံးနေတဲ့ တိရစ္ဆာန်တွေရဲ့ ဝေးဝေးမှာ နေကြဖို့ ဒေသခံပြည်သူတွေကို တောင်းဆိုထားပါတယ်။

Source/Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024