အရှေ့အလယ်ပိုင်းဒေသမှာ အီရန်နဲ့ ဆက်နွှယ်နေတဲ့ အဖွဲ့တွေရဲ့ ဒေသတွင်းတိုက်ခိုက်မှု အရှိန်အဟုန် မြင့်တက်လာချိန်မှာ အမေရိကန်တပ်ဖွဲ့ဝင်တွေကို ကာကွယ်ပေးနိုင်အောင် အရှေ့အလယ်ပိုင်းကို နောက်ထပ် အမေရိကန်တပ်ဖွဲ့ဝင် ၉၀၀ လောက် စေလွှတ်ထားကြောင်း ပင်တဂွန်စစ်ဌာနချုပ်က အောက်တိုဘာ ၂၆ ရက်မှာ ပြောပါတယ်။
အစ္စရေး-ဟားမတ်စ် စစ်ပွဲအတွင်း တင်းမာမှုတွေ မြင့်တက်လာချိန်မှာ အမေရိကန် တပ်ဖွဲ့ဝင်တွေဟာ အီရတ်မှာ အနည်းဆုံး ၁၂ ကြိမ်နဲ့ ဆီးရီးယားမှာ ၄ ကြိမ် တိုက်ခိုက်ခံခဲ့ရကြောင်း ပင်တဂွန် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ပက်ထရစ်ရိုင်ဒါက သတင်းစာရှင်းလင်းပွဲမှာ ပြောကြားပါတယ်။
အီရတ်မှာ မနေ့မနက် အစောပိုင်းက အမေရိကန်တပ်ဖွဲ့ဝင်တွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပေမဲ့ မအောင်မြင်ခဲ့ကြောင်းလည်း ရိုင်ဒါက ပြောပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်က အီရတ်နဲ့ ဆီးရီးယားရှိ အမေရိကန် အခြေစိုက်စခန်းတွေကို ဒရုန်းနဲ့ ဆက်တိုက် တိုက်ခိုက်မှုကြောင့် အမေရိကန် စစ်ဘက်ဝန်ထမ်း ၂ ဒါဇင်လောက် ဒဏ်ရာရရှိခဲ့ကြောင်း အမေရိကန် ဗဟိုဌာနချုပ်က NBC သတင်းဌာနကို အောက်တိုဘာ ၂၄ ရက်မှာ ပြောကြားခဲ့ပါတယ်။
Source/Photo-Reuters