စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်အတွင်းရှိ အညာဒေသ စစ်ရှောင်၊ မီးဘေးသင့် ကလေးငယ်တွေရဲ့ ပညာရေး လွယ်ကူချောမွေ့စေဖို့ “စာသင်ဆောင်အလှူ ဝိုင်းလို့ကူ” ကမ်ပိန်းကို အညာပစ်တိုင်းထောင်လေးများအဖွဲ့က စတင်လိုက်ပါတယ်။
အညာပစ်တိုင်းထောင်လေးများအဖွဲ့ရဲ့ တာဝန်ခံတဦးက “ကနီမြို့နယ်က NUG ပညာရေး ကျောင်းတကျောင်း အတွက်ပါ။ ရည်ရွယ်ချက်က ကလေးငယ်လေးတွေ အမိုးအကာအောက်မှာ လုံလုံခြုံခြုံနဲ့ ပညာသင်ကြားနိုင်ဖို့ အတွက်ပါဗျ” လို့ ပြောပါတယ်။
အခုကမ်ပိန်းကို အညာဒေသ ကလေးငယ်တွေအတွက် စာသင်ဆောင်တဆောင် ဆောက်လုပ်နိုင်ဖို့ ငွေကျပ် သိန်း ၃၀ လိုအပ်နေတာကို ရည်ရွယ်ပြုလုပ်ရတာဖြစ်ကြောင်း ကမ်ပိန်းရက်ကို အောက်တိုဘာ ၂၅ ရက်မှ နိုဝင်ဘာ ၄ ရက်အထိ သတ်မှတ်ထားတယ်လို့ ဆိုပါတယ်။
“စာသင်ဆောင်အလှူ ဝိုင်းလို့ကူ” ကမ်ပိန်းလေးမှာ ပြည်သူလူထုအနေနဲ့ တတ်နိုင်သလောက် ‘အညာပစ်တိုင်းထောင်လေးများ’ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ကူညီပေးကြဖို့ တောင်းဆိုထားပါတယ်။