ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) ဥက္ကဋ္ဌ အင်ဖက်တီနိုအပေါ် ပြစ်မှုကြောင်းဆိုင်ရာ တရားစွဲဆိုမှုဟာ သက်သေမခိုင်လုံတဲ့အတွက် အမှုပိတ်သိမ်းလိုက်ပါတယ်။
ဖီဖာဥက္ကဋ္ဌဟာ လျို့ဝှက်ချက် ချိုးဖောက်မှုအပါအဝင် အာဏာကို အလွဲသုံးစားလုပ်ဆောင်မှု၊ ရာဇဝတ်မှုဆိုင်ရာကိစ္စတွေမှာ တားဆီးပိတ်ပင်မှု အစရှိတဲ့ အမှုသုံးခုနဲ့ ဆွစ်ဇာလန် အထူးအစိုးရရှေ့နေရုံးကနေ စုံစမ်းစစ်ဆေးခဲ့တာပါ။
လက်ရှိအချိန်မှာတော့ သက်သေမခိုင်လုံတာကြောင့် အမှုကို ပိတ်သိမ်းခဲ့တာပါ။ ဥက္ကဋ္ဌအင်ဖက်တီနိုကတော့ အမှုပိတ်သိမ်းသွားတာက သူ့အတွက်သာမက၊ ဖီဖာအတွက်နဲ့ တရားမျှတမှုအတွက်လည်း ရှင်းလင်းတိကျတဲ့ အောင်မြင်မှုဖြစ်ကြောင်း၊ သူ့ရဲ့ ဂုဏ်သရေကျော်ဇောမှုအပေါ် နာမည်ဖျက်နေကြတာဖြစ်ကြောင်း ပြောသွားပါတယ်။
Photo - Reuters