တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (အန်စီအေ) စာချုပ် လက်မှတ်ရေးထိုးခြင်း ၆ နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ဆက်စပ်ဖမ်းဆီးထားသူ ၁၁၄ ယောက်ကို အာဏာသိမ်းစစ်ကောင်စီက ပြန်လွှတ်ပေးလိုက်ပါတယ်။
လက်ရှိ နိုင်ငံတဝန်း တရားရုံးအသီးသီးမှာ တရားစွဲဆိုခံထားရတဲ့ တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ဆက်စပ်သူတွေကို ပြန်လွှတ်ပေးလိုက်ရာမှာ ရက္ခိုင်တပ်တော် (အေအေ)နဲ့ ဆက်နွှယ်သူ ၆၁ ဦး ၊ ကေအိုင်အေ ကချင်လွတ်လပ်ရေးတပ်မတော်နဲ့ ဆက်နွှယ်သူ ၂၃ ဦးပါဝင်ပါတယ်။
ဒါ့အပြင် KNU/KNLA(PC) ၁ ဦး၊ MNDAA ၁ ဦး၊ ရှမ်းပြည်တပ်မတော် တောင်ပိုင်း RCSS/SSA ၁၂ ဦး ၊ ရှမ်းပြည်တပ်မတော် မြောက်ပိုင်း SSPP/SSAက ၅ ဦးနဲ့ TNLA က ၁၁ ဦး စုစုပေါင်း ၁၁၄ ဦးကို အမှုပိတ်သိမ်းပေးခဲ့တယ်လို့ အာဏာသိမ်းစစ်ကောင်စီက ထုတ်ပြန်ပါတယ်။
အောက်တိုဘာ ၁၅ ရက် ဒီနေ့ကျရောက်တဲ့ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ဆိုင်ရာသ ဘောတူစာချုပ် (အန်စီအေ) လက်မှတ်ရေးထိုးခြင်း ၆ နှစ် မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်ပွဲကို အာဏာသိမ်းစစ်ကောင်စီက ဦးဆောင်ကာ နေပြည်တော်မှာ ကျင်းပနေပါတယ်။