Home
အားကစား
မန်စီးတီးကစားသမား ဖိုဒမ်၏  ခြေစွမ်းတိုးတက်လာမှုအပေါ်  ဖီဖာဥက္ကဋ္ဌ ချီးကျူး
DVB
·
December 1, 2023
foden 1122023

မန်စီးတီးကစားသမား ဖိုဒမ်ရဲ့ခြေစွမ်းတိုးတက်လာမှုအပေါ် ဖီဖာဥက္ကဋ္ဌ အက်ဖက်တီနိုက ချီးကျူး စကားဆိုသွားပါတယ်။

ဖီဖာဥက္ကဋ္ဌဟာ အင်္ဂလန်အသင်းနဲ့အတူ ယူ-၁၇ ကမ္ဘာ့ဖလားရရှိစဉ်က ဖိုဒမ်ရဲ့ ဓာတ်ပုံနဲ့ ၂၀၂၂ခုနှစ် ကမ္ဘာ့ဖလားမှာ ဖိုဒမ်ဂိုးသွင်းခဲ့တဲ့ပုံကို နှိုင်းယှဉ်ပြသပြီး ဖီဖာရဲ့ လူငယ်ပြိုင်ပွဲကနေ တိုးတက်လာတဲ့သူဖြစ်ကြောင်း အင်စတာဂရမ်ကနေ ချီးကျူးရေးသားခဲ့တာပါ။

ဖိုဒမ်ဟာ ၂၀၁၇ ယူ-၁၇ ပြိုင်ပွဲမှာ အင်္ဂလန်အသင်းနဲ့အတူ ချန်ပီယံဖြစ်ခဲ့ပြီး ရွှေဘောလုံးဆုလည်း ရရှိခဲ့တာပါ။

၂၀၂၂ ဖီဖာကမ္ဘာ့ဖလား အုပ်စုပွဲစဉ်ဖြစ်တဲ့ ဝေးလ်နဲ့ပွဲစဉ်မှာ ဖိုဒမ်က ပထမဆုံး ကမ္ဘာ့ဖလားသွင်းဂိုး ရရှိခဲ့ပါတယ်။  ဖိုဒမ်ဟာ မန်စီးတီးအတွက် စုစုပေါင်း ၂၃၇ ပွဲကစားအပြီးမှာ ၆၆ ဂိုးသွင်းယူခဲ့ပါတယ်။ သူဟာ မန်စီးတီးနဲ့အတူ ပရီးမီးယားလိဂ်ချန်ပီယံ ၅ ကြိမ်ရရှိခဲ့သလို ချန်ပီယံလိဂ်ဖလားတစ်လုံး၊ အက်ဖ်အေဖလားနှစ်လုံးနဲ့  ကရာဘောင်ဖလား ၄လုံး ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။

Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024