အီတလီနည်းပြ ဖေဘီယိုဂရော့ဆိုဟာ လိုင်ယွန်အသင်းကို ၇ ပွဲသာ တာဝန်ယူခဲ့ပြီးနောက် ရာထူး ကနေ ထုတ်ပယ်ခံခဲ့ရပါတယ်။
အသက် ၄၆ နှစ်ရှိ အီတလီဂန္ထဝင်ကစားသမားဟောင်းလည်းဖြစ်သူ နည်းပြ ဂရော့ဆိုဟာ ပြီးခဲ့တဲ့ စက်တင်ဘာလကမှ လောရင့်ဘလန့်ရဲ့ နေရာကို အစားထိုးတာဝန်ယူခဲ့တာပါ။
သူဟာ လိုင်ယွန်အသင်းနဲ့ စုစုပေါင်း ၇ ပွဲမှာ ၁ ပွဲသာ နိုင်ပွဲရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပြီး အမှတ်ပေးဇယား အောက်ဆုံးအထိ ရောက်ရှိခဲ့တာကြောင့် ရာထူးကနေ ထုတ်ပယ်ခံခဲ့ရတာပါ။
ဖေဘီယိုဂရော့ဆိုနဲ့ နည်းပြအဖွဲ့ဝင်တွေဟာ ပရော်ဖက်ရှင်နယ်ပီသစွာ ကြိုးပမ်းလုပ်ဆောင်ခဲ့ကြပြီး ကျေးဇူးတင်ရှိကြောင်း လိုင်ယွန်အသင်းရဲ့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။
ဂရော့ဆိုဟာ အောက်တိုဘာတုန်းက မာဆေးပရိသတ်တွေရဲ့ တိုက်ခိုက်မှု ကြောင့် ပြင်းထန်တဲ့ ဒဏ်ရာရရှိခဲ့ပါသေးတယ်။ လိုင်ယွန်အသင်းဟာ နည်းပြသစ်အဖြစ် အသင်းရဲ့အကယ်ဒမီနည်းပြ ဆာဂျီကို တာဝန်ပေးအပ်ခဲ့ပါတယ်။
Photo-Reuters