Home
နိုင်ငံတကာ
မက္ကဆီကိုတွင် အင်အားပြင်း ဟာရီကိန်းမုန်တိုင်း တိုက်ခတ်
DVB
·
October 26, 2023
Mexico_26102023

ဟာရီကိန်းမုန်တိုင်း Otis ဟာ မက္ကဆီကိုနိုင်ငံ ပစိဖိတ်ကမ်းရိုးတန်းကို ဝင်တိုက်ဖူးသမျှ အပြင်းထန်ဆုံးနဲ့ အဆင့် ၅ မုန်တိုင်းအဖြစ် မက္ကဆီကို ကမ်းခြေ အပန်းဖြေစခန်း အကာပူလ်ကို ကို အောက်တိုဘာ ၂၅ ရက် အစောပိုင်းက ဝင်ရောက်တိုက်ခတ်ခဲ့ပြီး မိုးသည်းထန်စွာရွာသွန်းမှုနဲ့ လေပြင်းတွေကြောင့် အထိအခိုက် အပျက်အစီး များပြားခဲ့ပါတယ်။

မက္ကဆီကိုနိုင်ငံတောင်ပိုင်းမှာ မုန်တိုင်း တိုက်ခတ်မှုကြောင့် လူသေဆုံးမှု ချက်ချင်းသတင်းမရရှိသေးပေမဲ့ အာဏာပိုင်တွေက နောက်ဆုံး အခြေအနေသိရဖို့ ရုန်းကန်နေရတယ်လို့ မက္ကဆီကိုသမ္မတ အန်ဒရေးစ် မာနူယယ် လိုပက်ဇ် အိုဘရာဒေါက ပြောပါတယ်။

မုန်တိုင်းဟာ ဟိုတယ်တွေကို ပြင်းပြင်းထန်ထန် တိုက်ခတ်ခဲ့လို့ ခေါင်မိုးတွေ ကွာထွက်ကုန်ပြီး ပြတင်းပေါက်တွေလည်း ကွဲကုန်ပါတယ်။

တောင်ပိုင်း ဂရဲရိုပြည်နယ်ရဲ့ လမ်းမတွေပေါ်မှာ အုန်းပင်တွေနဲ့ လမ်းအမှတ်အသား ဆိုင်းဘုတ်တွေ လဲပြိုကျကုန်ပြီး ကားတွေ ရေနစ်မြုပ်သွားပုံတွေကို ဗီဒီယိုထဲမှာ မြင်တွေ့ရပါတယ်။

အသေအပျောက် သတင်းတွေကို ချက်ချင်း ထုတ်ပြန်ခြင်း မရှိသေးပေမဲ့ အဲဒီဒေသရှိ နေရာအနှံ့အပြားမှာ လျှပ်စစ်မီး သို့မဟုတ် ဖုန်းအဆက်အသွယ်လည်း မရရှိတာကြောင့် အပျက်အစီးတွေရဲ့ အသေးစိတ်ဓာတ်ပုံတွေကို ရရှိဖို့ ခက်ခဲနေကြောင်း အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။

ဟာရီကိန်း Otis ဟာ ဂရဲရိုပြည်နယ်ပေါ်မှာ ဆက်ရှိနေပြီး ဒေသအများအပြားမှာ မိုးသည်းထန်စွာ ရွာသွန်းမှာဖြစ်ကြောင်း မက္ကဆီကို အေဂျင်စီ CONAGUA က ထုတ်ပြန်ထားပါတယ်။

Source/Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024