အာဂျင်တီးနား တိုက်စစ်မှူး မက်ဆီရဲ့ ကျောနံပါတ် ၁၀ အင်တာမိုင်ယာမီဂျာစီဟာ မြောက်အမေရိကတိုက်မှာ ရောင်းအားအကောင်းဆုံးအဖြစ် စံချိန်တင်ခဲ့ပါတယ်။
ဘလွန်းဒီအော ကမ္ဘာ့အကောင်းဆုံး ကစားသမားဆု ၇ ကြိမ်ရရှိထားသူ မက်ဆီဟာ ပြီးခဲ့တဲ့ ဇူလိုင်လကမှ ပီအက်စ်ဂျီကနေ ပြောင်းရွှေ့လာခဲ့တာပါ။
မက်ဆီရဲ့ ဂျာစီဟာ ရောင်းမလောက်အောင်ဖြစ်ခဲ့ရပြီး အင်တာမိုင်ယာမီ အသင်းပိုင်ရှင်တစ်ဦး ဖြစ်သူ ဒေးဗစ်ဘက်ခမ်းဟာ မိတ်ဆွေတွေကို မက်ဆီဂျာစီ လက်ဆောင်ပေးဖို့အတွက် အချိန်စောင့်ဆိုင်းခဲ့ရတယ်လို့ နယူးယော့ခ်တိုင်းမ်သတင်းမှာ ဖော်ပြပါတယ်။
မက်ဆီ ပြောင်းရွှေ့လာပြီးနောက်ပိုင်းမှာ မိုင်ယာမီအသင်းရဲ့ပွဲစဉ် လက်မှတ်ဈေးနှုန်းတွေဟာလည်း စံချိန်တင် မြင့်တက်ခဲ့ပါသေးတယ်။
လက်ရှိအချိန်မှာ မိုင်ယာမီအသင်းက ပြိုင်ပွဲတွေမရှိတော့ဘဲ လာမယ့် ၂၀၂၄ ရာသီသစ်အတွက်ပဲ ပြင်ဆင်ရတော့မှာ ဖြစ်ပါတယ်။
Photo - Reuters