ကျွဲနွားတွေရဲ့ အရေပြားမှာ အကျိတ်အဖုဖြစ်တဲ့ ရောဂါကူးစက်မှုကို ထိန်းချုပ်ဖို့ ပြည်လုံးကျွတ် ကာကွယ်ဆေးထိုးတဲ့ အစီအစဉ်ကိုစဖို့ တောင်ကိုရီးယားအစိုးရက ပြင်ဆင်နေတယ်လို့ အောက်တိုဘာ ၂၅ ရက်မှာ ပြောပါတယ်။
အရင်အပတ်က ကျွဲနွား မွေးမြူရေးခြံတခုမှာ ကူးစက်နေကြောင်း ပထမဆုံး သတင်းပို့ချိန်က စပြီး နောက်ထပ် ကျွဲနွား ၂၉ ကောင် ကူးစက်ခံရတယ်လို့ အတည်ပြုထားပါတယ်။
ဒီလကုန်ပိုင်းမှာ ကာကွယ်ဆေးလုံးရေ ၄ သန်းရတာ သေချာစေဖို့ အာဏာပိုင်တွေက ပြည်တွင်းပြည်ပ ကုမ္ပဏီတွေနဲ့ ဆွေးနွေးနေပါတယ်။
ဒီပမာဏဟာ နိုင်ငံတွင်းက နွားကောင်ရေ စုစုပေါင်းကို ဆေးထိုးပေးဖို့ လုံလောက်တယ်လို့ စိုက်ပျိုးမွေးမြူရေး ဝန်ကြီးဌာန အရာရှိ ကွန်ဂျေးဟန်က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
လာမယ့်လ အစောပိုင်းမှာ နိုင်ငံတွင်း ကျွဲနွားအားလုံးကို ကာကွယ်ဆေးထိုးပြီးဖို့ စီစဉ်ထားတယ်လို့လည်း အစိုးရက ပြောပါတယ်။
ကာကွယ်ဆေးထုတ်ဖို့ အချိန် ၃ ပတ်ပေးထားပြီး ကူးစက်မှုကို နိုဝင်ဘာလထဲမှာ တည်ငြိမ်အောင်လုပ်ဖို့လည်း မျှော်လင့်ထားပါတယ်။ ကူးစက်နှုန်းမြင့်တဲ့ ဒီရောဂါဟာ ခြင်လို သွေးစုပ်သတ္တဝါတွေကတဆင့် ကူးစက်လို့ နို့အထွက်နှုန်း ကျစေပြီး လူကိုကူးစက်မှု မရှိပါဘူး။
Source/Photo-Reuters