Home
နိုင်ငံတကာ
မက္ကဆီကို ရဲအရာရှိ ၁၃ ဦးထက်မနည်းကို အကြမ်းဖက်သမားများက ပစ်သတ်
DVB
·
October 25, 2023
Mexico_25102023

မက္ကဆီကိုနိုင်ငံတောင်ပိုင်း ဂါရဲရိုးပြည်နယ်မှာ အောက်တိုဘာ ၂၃ ရက်က ပြင်းထန်တဲ့ ချုံခိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက်သမားတွေဟာ ဒေသခံရဲအရာရှိ ၁၃ ဦးထက်မနည်းကို သေနတ်နဲ့ ပစ်သတ်ခဲ့ကြောင်း ပြည်နယ်အစိုးရ သတင်းရင်းမြစ်တခုက ရိုက်တာသတင်းဌာနကို ပြောပါတယ်။

သေဆုံးသူတွေထဲမှာ ကိုယူကာဒယ် ဘန်နီတယ်မြို့ရဲ့ လုံခြုံရေးအကြီးအကဲလည်း ပါနေတယ်လို့ အမည်မဖော်လိုတဲ့ သတင်းရင်းမြစ်က ဆိုပါတယ်။

ချုံခိုတိုက်ခိုက်ခြင်း မပြုခင်မှာ အဲဒီနယ်မြေအတွင်း လက်နက်ပေါက်ကွဲမှုတွေကို အရေးယူဆောင်ရွက်ဖို့ အေးဂျင့်တွေကို စေလွှတ်ခဲ့ကြောင်းလည်း သတင်းရင်းမြစ်က ပြောပါတယ်။

မက္ကဆီကိုသမ္မတ အိုဘရာဒေါက ဒီဖြစ်ရပ်အတွက် အလွန်စိတ်မကောင်းဖြစ်ရကြောင်းနဲ့ ရဲတပ်ဖွဲ့ဝင် မိသားစုတွေနဲ့ ထပ်တူ စာနာ ဝမ်းနည်းကြောင်း ပြောကြားခဲ့ပြီး ဒီကိစ္စကို ဖြေရှင်းနေပါတယ်လို့ ဆိုပါတယ်။

အဲဒီနယ်မြေ ဧရိယာမှာ နယ်မြေခံတပ်က လုံခြုံရေးအင်အား ၃၀၀ ကျော် တပ်ဖြန့်ချထားကြောင်းလည်း အောက်တိုဘာ ၂၄ ရက် သတင်းစာရှင်းလင်းပွဲမှာ သမ္မတ အိုဘရာဒေါက ပြောကြားခဲ့ပါတယ်။

ဂါရဲရိုးပြည်နယ်ဟာ မူးယစ်မှောင်ခိုဂိုဏ်းတွေရဲ့ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုကို ထိန်းချုပ်ဖို့ အပြိုင်အဆိုင် လုပ်နေကြတဲ့ဒေသဖြစ်ပြီး ပြီးခဲ့တဲ့ ၁၀ စုနှစ်ကာလအတွင်းမှာ အကြမ်းဖက်မှုတွေက မြင့်တက်လာနေတာ ဖြစ်ပါတယ်။

Source/Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024