ဂါဇာတောင်ပိုင်းက ခန်ယူနစ်မြို့မှာ ကုလသမဂ္ဂ ကူညီကယ်ဆယ်ဆောင်ရွက်ရေးအေဂျင်စီ (UNRWA) က ဖွင့်လှစ်ပေးထားတဲ့ ပါလက်စတိုင်း စစ်ဘေးဒုက္ခသည်စခန်းကို ကောင်းကင်ဒရုန်းနဲ့ ဗွီဒီယိုရိုက်ချက်ကနေ မြင်တွေ့ရပါတယ်။
အောက်တိုဘာ ၇ ရက်က ဟားမစ်တွေရဲ့ အလစ်တိုက်ခိုက်မှုကို လက်တုံ့ပြန်တဲ့အနေနဲ့ အစ္စရေးက ဂါဇာကို အပြင်းအထန် ပြန်လည်တိုက်ခိုက်နေတာကြောင့် ထောင်သောင်းချီတဲ့ ပါလက်စတိုင်း ပြည်သူတွေ နေရပ်စွန့်ခွာ ထွက်ပြေးနေကြရတာဖြစ်ပြီး နိုင်ငံတကာက ကူညီပေးထားတဲ့ တဲငယ်လေးတွေမှာ ယာယီခိုလှုံနေကြရပါတယ်။
ဂါဇာကမ်းမြောင်မှာ အပြန်အလှန် ပစ်ခိုက်တိုက်ခိုက်မှုအတွင်း အစ္စရေးဘက်က ၁၄၀၀ လောက် သေဆုံးပြီး ၂၀၀ ကျော် ပြန်ပေးဆွဲခံထားရကာ ပါလက်စတိုင်းတွေဘက်ကလည်း ၃၅၀၀ ကျော် သေဆုံး၊ ၁၂,၀၀၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။