မွန်ပြည်နယ် မော်လမြိုင်မြို့ အ.ထ.က (၉) ကျောင်း အောက်တိုဘာ ၂၅ ရက် မနက် ၃ နာရီ ၂၅ မိနစ်က မီးစတင်လောင်ကျွမ်းမှု ဖြစ်ပွားခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
မီးလောင်မှုဖြစ်ပွားတာကို မီးသတ်ဖွဲ့ဝင်တွေနဲ့ ကယ်ဆယ်ရေးသမားတွေက ၁ နာရီကြာ ငြှိမ်းသတ်ခဲ့ကြရတယ်လို့ မြို့ခံ လူမှုကယ်ဆယ်ရေးတာဝန်ရှိသူတဦးက ပြောပါတယ်။
အ.ထ.က (၉) ကျောင်းဦးသာညင်း ဓမ္မာရုံနဲ့ နှစ်ထပ် ကွန်ပျုတာ/စာကြည့်တိုက် မီးလောင်မှုဖြစ်ပွားခဲ့ပြီး မနက် ၄ နာရီခွဲမှာ မီးငြိမ်းနိုင်ခဲ့ပြီး နေအိမ်တွေ မီးကူးစက်လောင်ကျွမ်းခြင်း မရှိဘူးလို့ ဆိုပါတယ်။
အ.ထ.က (၉) ကျောင်း ဘာကြောင့် မီးလောင်ရတယ်ဆိုတာ မသိရသေးဘဲ မီးသတ်တပ်ဖွဲ့ဝင်တွေက အသေးစိတ်စုံစမ်းစစ်ဆေးနေတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ ပေါ့ဆမီးကြောင့် အိုးအိမ်တွေ ကျပ်သန်းနဲ့ချီ မီးလောင်ဆုံးရှုံးထားခဲ့ရတယ်လို့ မီးသတ်တပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။