ပါလက်စတိုင်းတွေကို ထောက်ခံတဲ့အနေနဲ့ အိန္ဒိယနိုင်ငံရဲ့ မြို့တော် နယူးဒေလီမှာ ဆန္ဒပြနေတဲ့ ကျောင်းသား ဒါဇင်ပေါင်းများစွာကို အောက်တိုဘာ ၂၃ ရက်မှာ ရဲတွေက ဖမ်းဆီးပြီး မော်တော်ကားတွေထဲကို ဆွဲခေါ်သွားခဲ့ပါတယ်။
လက်ဝဲယိမ်း ကျောင်းသားအဖွဲ့အစည်းတွေက အများစုပါဝင်တဲ့ ဆန္ဒပြသူတွေဟာ အစ္စရေးသံရုံးဆီ ချီတက်နေကြချိန်မှာ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ကြတာပါ။
အစ္စရေးစစ်တပ်ဟာ ဝိုင်းရံထားတဲ့ ပါလက်စတိုင်းနယ်မြေအတွင်း ဟားမတ်စ် စစ်သွေးကြွတွေကို မြေပြင်မှာ စီးနင်းတိုက်ခိုက်နေချိန် တနင်္လာနေ့မှာ ဂါဇာကမ်းမြောင်ဒေသကို လေကြောင်းကနေ ထပ်ပြီး တိုက်ခိုက်ခဲ့ပါတယ်။
လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် လူပေါင်း ၄၃၆ ဦး သေဆုံးခဲ့ပါတယ်။
သေဆုံးသူ အများစုဟာ ကျဉ်းမြောင်းပြီး လူဦးရေထူထပ်တဲ့ ဂါဇာကမ်းမြောင်ရဲ့ တောင်ဘက်က ဖြစ်တယ်လို့ ဂါဇာကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။
ပါလက်စတိုင်းအပေါ် တိုက်ခိုက်မှု သီတင်းနှစ်ပတ်အတွင်း ကလေး ၂,၀၅၅ ဦး အပါအဝင် ပါလက်စတိုင်း ၅,၀၈၇ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ပြောခဲ့ပါတယ်။
Source/Photo-Reuters