အစ္စရေး တင့်ကားတစီးကနေ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ဆန် အပိုင်းအစတွေ အီဂျစ်နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေကို မတော်တဆ ထိမှန်ခဲ့တာကြောင့် အသေးစားဒဏ်ရာတွေ ရရှိခဲ့ကြတယ်လို့ စစ်တပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူတဦးက အတည်ပြုပါတယ်။
အစ္စရေးစစ်တပ်ဘက်ကလည်း သူတို့တင့်ကားတွေထဲက တစီးဟာ ဂါဇာကမ်းမြောင်နဲ့ နယ်နိမိတ်အနီးမှာရှိတဲ့ အီဂျစ်တပ်စွဲထားရာ နေရာတခုအပေါ် မရည်ရွယ်ဘဲ ထိမှန်စေခဲ့တယ် ဆိုပြီး အစောပိုင်းမှာ ပြောကြားထားပါတယ်။
ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး ဝမ်းနည်းကြေကွဲရကြောင်း အစ္စရေးကာကွယ်ရေးတပ်ဖွဲ့က ထုတ်ဖော် ပြောဆိုထားပါတယ်။
ဒါ့အပြင် အစ္စရေးရဲ့ ထုတ်ပြန်ချက်ထဲမှာ ဒီမတော်တဆမှုအပေါ် စုံစမ်းစစ်ဆေးနေပြီ ဖြစ်ကြောင်း ဖော်ပြထားပေမဲ့လည်း အသေးစိတ် အချက်အလက်တွေတော့ ပါဝင်ခြင်း မရှိပါဘူး။
အီဂျစ်စစ်တပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူကတော့ “နယ်စပ်စောင့်ကြည့်ရေး မျှော်စင်တခုကို” ထိမှန်ခဲ့တာ ဖြစ်တယ်လို့ မှတ်ချက်ပေးပါတယ်။
Source/Photo-Reuters