ပါလက်စတိုင်း လိုလားတဲ့ ထောက်ခံသူ ရာချီဟာ ပါကစ္စတန်နိုင်ငံ ကရာချိမြို့က အမေရိကန် ကောင်စစ်ဝန်ရုံးဆီကို အောက်တိုဘာ ၂၂ ရက်က ဦးတည် ချီတက် ဆန္ဒပြခဲ့ကြပါတယ်။
ဂါဇာကို ဗုံးကြဲနေတဲ့ အစ္စရေးကို အမေရိကန်က ထောက်ပံ့နေလို့ ပြစ်တင်ရှုတ်ချဖို့ ချီတက်ခဲ့တာပါ။
ပါကစ္စတန်နိုင်ငံအတွင်း ရှီးယိုက် မွတ်စလင်အုပ်စုနဲ့ ဘာသာရေးခေါင်းဆောင်များဆိုင်ရာ နိုင်ငံလုံးဆိုင်ရာအဖွဲ့ဖြစ်တဲ့ MWM အဖွဲ့က ဒီချီတက်ပွဲကို စီစဉ်ခဲ့တာပါ။
အမေရိကန်ကောင်စစ်ဝန်ရုံးနဲ့ မီတာ ၅၀၀ အကွာမှာ ဆန္ဒပြသူတွေဟာ ချီတက်တာကို ရပ်ခိုင်းတာ ခံရပါတယ်။
ဆန္ဒပြသူတွေက အစ္စရေးနဲ့ အမေရိကန် အလံတွေကို မီးရှို့ခဲ့ကြပြီး အစ္စရေးနဲ့ သံတမန် ဆက်ဆံရေး အဆုံးသတ်ဖို့ မွတ်စလင်နိုင်ငံတွေကို တိုက်တွန်းခဲ့ကြပါတယ်။
Source/Photo-Reuters