အငြင်းပွားနေတဲ့ တောင်တရုတ်ပင်လယ်ရေပြင်မှာ ဖိလစ်ပိုင်တပ်ဖွဲ့ဝင်တွေကို ထောက်ပံ့နေတဲ့ ဖိလစ်ပိုင်သင်္ဘော တစင်းကို တရုတ်သင်္ဘောတွေက ပိတ်ဆို့ထားပုံကို ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်ကို ဖိလစ်ပိုင်စစ်တပ်က အောက်တိုဘာ ၂၂ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
ဒါဟာ တရုတ်နဲ့ ဖိလစ်ပိုင် ရေကြောင်းဆိုင်ရာ ထိပ်တိုက်ရင်ဆိုင်မှုအတွင်း နောက်ဆုံး ဖြစ်ရပ်ပါ။ တရုတ်သင်္ဘောရဲ့ အန္တရာယ်ရှိတဲ့ ပိတ်ဆို့တဲ့ အမူအကျင့်ကို ဖိလစ်ပိုင်အစိုးရက အပြင်းထန်ဆုံး ရှုတ်ချ တုံ့ပြန်ခဲ့ပါတယ်။
တရုတ်နိုင်ငံရဲ့ “အန္တရာယ်ရှိတဲ့ တာဝန်မဲ့ပြီး တရားမဝင်တဲ့ လုပ်ရပ်တွေဟာ ဖိလစ်ပိုင်ရဲ့ အချုပ်အခြာအာဏာနဲ့ တရားစီရင်ပိုင်ခွင့်ကို ချိုးဖောက်ခြင်းပဲလို့ ဖိလစ်ပိုင်အစိုးရ အနောက်ဖိလစ်ပိုင် ပင်လယ်ဆိုင်ရာ လုပ်ငန်းအဖွဲ့ ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
ဖိလစ်ပိုင်သင်္ဘောက ထပ်ခါတလဲ သတိပေးချက်တွေကို လျစ်လျူရှုပြီး တရုတ်သင်္ဘောကို မတော်တဆ ထိခိုက်စေနိုင်တဲ့ အခြေအနေမှာ ဖြတ်ကျော်ခဲ့တာဟာ တမင်တကာ ရန်စတာလို့ တရုတ် ကမ်းခြေစောင့်တပ်ဖွဲ့က ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
ဖိလစ်ပိုင်၊ ဗီယက်နမ်၊ မလေးရှား၊ ဘရူနိုင်းနဲ့ အင်ဒိုနီးရှားတို့ရဲ့ သီးသန့်စီးပွားရေးဇုန်တွေရဲ့ အစိတ် အပိုင်းတွေ အပါအဝင် တောင်တရုတ်ပင်လယ် တခုလုံး နီးပါးကို တရုတ်ပြည်မကြီး အစိုးရက အချုပ်အခြာ အာဏာ ပိုင်ဆိုင်တယ်လို့ အခိုင်အမာ ပြောထားပါတယ်။
တရုတ်နိုင်ငံရဲ့ အခိုင်အမာ ပြောဆိုချက်တွေဟာ ဥပဒေအရ အခြေအမြစ် မရှိဘူးလို့ ၂၀၁၆ ခုနှစ်က အမြဲတမ်းခုံသမာဓိရုံးက ပြောခဲ့ပါတယ်။
Source/Photo-Reuters