ယူကရိန်းနိုင်ငံ၊ ခါကိဗ်မြို့မှာရှိတဲ့ စာတိုက်ဖြန့်ဖြူးရေးဌာနကို ရုရှားဒုံးကျည်တစင်း ထိမှန်ခဲ့တာကြောင့် လူ ၆ ဦးသေဆုံးကာ နောက်ထပ် ၁၄ ဦးအထိ ဒဏ်ရာရရှိခဲ့တယ်လို့ အောက်တိုဘာလ ၂၂ရက်က အခင်းဖြစ်ပွားပြီး ဗီဒီယိုဖိုင်အရ သိရပါတယ်။
ဒီဖြစ်ရပ်အတွင်း စာတိုက်ရဲ ခေါင်မိုးပေါ်မှာ အပေါက်ကြီးတခု အပါအဝင် နံရံတွေပါ အများအပြား ပျက်စီးသွားခဲ့ပြီး နှစ်ကြိမ်တိုင်တိုင် တိုက်ခိုက်ခံခဲ့ရတာ ဖြစ်တယ်လို့ ဆိုပါတယ်။
အောက်တိုဘာလ ၂၁ ရက် ဒေသစံတော်ချိန်ည ၁၀နာရီ ၁၂ မိနစ်မှာ ဒီတိုက်ခိုက်မှု ဖြစ်ပွားခဲ့ကြောင်း ယူကရိန်းရဲအရာရှိ မိုင်ခိုင်းလိုဆပ်ကရိုက်တာသတင်းဌာနကို ဖြေဆိုပါတယ်။
အခင်းမဖြစ်ပွားခင် တစက္ကန့် အလိုမှသာ အချက်ပေးဥသြသံ ထွက်ပေါ်လာခဲ့တာကြောင့် နိုဗာစာတိုက်စင်တာမှာ ရှိနေခဲ့တဲ့ အလုပ်သမားတွေဟာ ဗုံးခိုနိုင်တဲ့နေရာအထိ ထွက်ပြေးဖို့အတွက် အချိန်တောင်မရခဲ့ဘူးလို့ ရဲတပ်ဖွဲ့အနေနဲ့ ပြောပါတယ်။
ဒီသတင်းတွေနဲ့ ပတ်သက်ပြီး ရုရှားဘက်က ချက်ချင်းမှတ်ချက်ပေးမှု မရှိသလို ရိုက်တာသတင်းဌာနကလည်း သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးဘူးလို့ ဆိုပါတယ်။
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလမှာ ရုရှားရဲ့ အိမ်နီးချင်း ယူကရိန်း အပေါ် ကျူးကျော်မှုအတွင်း နှစ်ဖက်စလုံးက အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်တာမျိုးမရှိဘူးဆိုပြီး ငြင်းဆန်ထားပါ တယ်။
Source/Photo-Reuters