Home
အားကစား
ဒူဘိုင်းမာစတာကြက်တောင်ပြိုင်ပွဲတွင် သက်ထားသူဇာ တတိယကြေးတံဆိပ်ဆုရရှိ
DVB
·
October 22, 2023

ယူအေအီးနိုင်ငံမှာ အောက်တိုဘာ ၁၇ ရက်ကနေ  ၂၂ ရက်အထိ ကျင်းပခဲ့တဲ့ ၂၀၂၃ ဒူဘိုင်းမာစတာကြက်တောင်ပြိုင်ပွဲမှာ မြန်မာကြက်တောင်မယ်သက်ထားသူဇာက ပူးတွဲတတိယ ကြေးတံဆိပ်ဆု ရရှိခဲ့ပါတယ်။

ကမ္ဘာ့အဆင့် ၄၆ ရှိတဲ့ သက်ထားသူဇာဟာ ၃၂ ဦးအဆင့်ကနေ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိခဲ့ပြီး ယူအေအီးကြက်တောင်မယ်ကို နှစ်ပွဲပြတ်အနိုင်ရရှိခဲ့သလို ၁၆ ဦးအဆင့်မှာလည်း လူဇင်ဘတ် ကြက်တောင်မယ်ကို  ၂ ပွဲပြတ် အနိုင်ရရှိခဲ့ပါတယ်။

ကွားတာဖိုင်နယ်မှာ အိန္ဒိယကြက်တောင်မယ်ကို ၂ ပွဲပြတ်အနိုင်ရရှိခဲ့ပေမဲ့ ဆီမီးဖိုင်နယ်မှာတော့ အိန္ဒိယကြက်တောင်မယ် ယူဟိုဒါးကို ၁၈-၂၁၊၁၂-၂၁နဲ့ နှစ်ပွဲပြတ် ရှုံးနိမ့်ပြီး ပူးတွဲတတိယသာရရှိခဲ့ပါတယ်။

၂၀၂၃ ဒူဘိုင်းမာစတာ အိုးပင်းကြက်တောင်ပြိုင်ပွဲဟာ သက်ထားသူဇာအတွက် ယခုနှစ်မှာ ၁၈ ကြိမ်မြောက် ပြိုင်ပွဲဖြစ်ပြီး အမြင့်ဆုံးအောင်မြင်မှုအဖြစ် ပူးတွဲတတိယ ၃ ကြိမ်ရရှိခဲ့ပါတယ်။

သက်ထားသူဇာဟာ အောက်တိုဘာ ၂၄ ရက်မှ ၂၉ ရက် အထိကျင်းပမယ့် ၂၀၂၃ အင်ဒိုနီးရှားမာစတာ ၂ ကြက်တောင်ပြိုင်ပွဲကို ဝင်ယောက်ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။

Photo. Thet Htar Thuzar Facebook

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013