Home
နိုင်ငံတကာ
ရုရှားသိမ်းပိုက်ထားသည့် ဒန်ညက်စ်မြို့ကို အမြောက်ဆန်ထိမှန်
DVB
·
October 22, 2023

ရုရှားတို့ သိမ်းပိုက်ထားတဲ့ ဒန်ညက်စ်မြို့ကို အမြောက်ဆန် ထိမှန်အပြီး သေဆုံးသူ ၄ ဦးအထိ မြင့်တက်လာခဲ့တယ်လို့ မြို့တော်ဝန် အလက်ဇီကူလင်မ်ဇီက အောက်တိုဘာ ၂၁ ရက်မှာ သူ့ရဲ့ တယ်လီဂရမ်ကနေ ပြောပါတယ်။

ယူကရိန်း လက်နက်ကိုင် တပ်ဖွဲ့တွေက စီးပွားရေးဆိုင်ရာ ကုန်စည်သိုလှောင်ရုံတွေ၊ ပြုပြင်ထိန်းသိမ်းရေးစခန်းတွေ အပါအဝင် အရပ်သား ပစ်မှတ်တွေကို အစုလိုက် အပြုံလိုက် ခဲယမ်းတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ရုရှားအစိုးရ သတင်းအေဂျင်စီ RIA က ဖော်ပြပါတယ်။

မီးသတ်ကားတွေနဲ့ လူနာတင်ယာဉ်တွေ တည်ရှိရာနေရာကို ကျည်ဆန်တချို့ ထိမှန်ခဲ့ပြီး ဒီပစ်ခတ်မှုကို ယူကရိန်း တာဝန်ရှိသူတွေက တရားဝင် သတင်း မထုတ်ပြန်သေးပါဘူး။

လွန်ခဲ့တဲ့ ၁၈ လက စခဲ့တဲ့ ယူကရိန်းစစ်ပွဲနောက်ပိုင်း ယူကရိန်းနဲ့  ရုရှားတပ်ဖွဲ့ဝင်တွေ သေဆုံး ဒဏ်ရာရသူ စုစုပေါင်းမှာ ၅ သိန်း နီးပါးရှိပြီလို့ အမေရိကန် တာဝန်ရှိသူတွေက ပြောပါတယ်၊

ရုရှားအစိုးရက စစ်ပွဲအတွင်း သေဆုံး ဒဏ်ရာရရှိသူတွေကို ပုံမှန်ရေတွက်နိုင်တယ်လို့ ယုံကြည်ရပြီး ယူကရိန်းအစိုးရကတော့ တရားဝင်ကိန်းဂဏန်းတွေကို ထုတ်မပြောလို့ အသေအပျောက်စာရင်းတွေကို ခန့်မှန်းရ ခက်နေပါတယ်။

ယူကရိန်းအရှေ့ပိုင်းက သတ်ဖြတ်မှုဟာ အခုနှစ်အတွင်း ပိုမိုပြင်းထန်လာပြီး သုံးလနီးပါးကြာ တန်ပြန်ထိုးစစ်ကလည်း ဆက်ဖြစ်နေပါတယ်။ 

ရုရှားစစ်တပ်မှာ အသေအပျောက် ၃ သိန်း နီးပါးရှိတယ်လို့ အရာရှိတွေကို ကိုးကားပြီး နယူးယောက်တိုင်းမ်စ် သတင်းစာက  ရေးပါတယ်။ 

Source/Photo-Reuters 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024