နီပေါနိုင်ငံမြို့တော် ခတ္တမန္ဒူမှာ အောက်တိုဘာ ၂၂ရက်က အင်အား ၆ ဒသမ ၁ ရစ်ချ်တာ စကေးရှိ ငလျင်လှုပ်တခုလှုပ်ခတ်သွားပါတယ်။
နီပေါ အမျိုးသားမြေငလျင်စောင့်ကြည့်လေ့လာရေး နဲ့ သုတသနစင်တာကတော့ ငလျင်ဗဟိုချက်ဟာ ဒါဒင်ခရိုင်မှာ ဖြစ်တယ်ဆိုပြီး ထုတ်ပြန်ထားပါတယ်။
ဒေသစံတော်ချိန် မနက် ၇ နာရီ ၃၉ မိနစ်မှာ ဖြစ်ပွားခဲ့တဲ့ ငလျင်လှုပ်ခတ်မှုကြောင့် ဘတ်ဂ်မာတီနဲ့ ဂန်ဒါကီပြည်နယ်ထဲက တခြားခရိုင်တွေမှာပါ တုန်ခါမှုကို ခံစားမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒါပေမဲ့ လူသေဆုံးမှု ဒါမှမဟုတ် ပျက်စီးဆုံးရှုံးမှုနဲ့ ပတ်သက်ပြီး သတင်းတစုံတရာ မရရှိသေးဘူးလို့ ဆိုပါတယ်။
ဒါကြောင့် နီပေါနိုင်ငံမှာ ငလျင်လှုပ်ခတ်မှုက အဖြစ်များလေ့ရှိတဲ့ သဘာဝဖြစ်စဉ်တခု ဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်တုန်းက အင်အား ၇ ဒသမ ၈ အဆင့်ရှိတဲ့ မြေငလျင်နဲ့အတူ နောက်ဆက်တွဲ လှုပ်ခတ်မှုတွေကြောင့် လူပေါင်း ၉၀၀၀ ဝန်းကျင် သေဆုံးခဲ့ရပါတယ်။
ဒါ့အပြင် နီပေါနိုင်ငံဟာ ကမ္ဘာပေါ်မှာ ငလျင်ဖြစ်ပွားမှုအများဆုံး ၁၁ နိုင်ငံမြောက် ဖြစ်တယ်လို့ အစိုးရအဖွဲ့ရဲ့ သဘာဝဘေးအလွန် လိုအပ်ချက်များ အကဲဖြတ်မှုဆိုင်ရာ PDNA အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။
Source/Photo-Reuters