ဟေတီသမ္မတ ဂျိုဗန်နဲလ်မွိုက်စ် လုပ်ကြံခံရမှုမှာ တရားရေးအရာရှိဟောင်း ဂျိုးဆက်ဖှ် ဖှဲလစ် ဘာဒီယိုကို ဟေတီရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း အမျိုးသားရဲတပ်ဖွဲ့က ပြောပါတယ်။
၂၀၂၁ ခုနှစ် ဇူလိုင်လက လုပ်ကြံမှုကို ကျူးလွန်ခဲ့တဲ့ တိုက်ခိုက်သူတွေကို ဘာဒီယိုက အမိန့်ပေး ညွှန်ကြားခဲ့တယ်လို့ စုံစမ်းစစ်ဆေးသူတွေက စွပ်စွဲထားပါတယ်။
ကြာသပတေးနေ့ မွန်းလွဲပိုင်းက ပို့ထ်အောပရင့်စ် မြို့တော်ရဲ့ ဆင်ခြေဖုံးရပ်ကွက် ပက်တီယွန်ဗေးလ် ရှိ စူပါမားကတ် ကားပါကင်ကနေ ကားမောင်းနေတုန်း လက်နက်ကိုင်ရဲတွေက ဘာဒီယိုကို ကြားဖြတ်ဖမ်းဆီးခဲ့တာဖြစ်ကြောင်း အခင်းဖြစ်ပွားရာနေရာမှ မျက်မြင်သက်သေ တဦးရဲ့ ပြောကြားချက်အရ သိရပါတယ်။
သမ္မတ မွိုက်စ်ကို လုပ်ကြံသတ်ဖြတ်ဖို့ ကြံစည်မှုမှာ အဓိကသံသယရှိသူ အဖြစ် ဟေတီအာဏာပိုင်တွေေဲ့ လူ့အခွင့်အရေးအဖွဲ့တွေက ယူဆထားတဲ့ ဘာဒီယိုကို လူသတ်မှု၊ လူသတ်ရန် ကြိုးပမ်းမှုနဲ့ လက်နက်ကိုင် ဓားပြတိုက်မှုတို့နဲ့ တရားစွဲဆိုထားပါတယ်။
ပို့ထ်အောပရင့်စ် အထက်ပိုင်း တောင်ကုန်းပေါ်ရှိ သမ္မတ မွိုက်စ်ရဲ့ နေအိမ်ကို လက်နက်ကိုင်အဖွဲ့တဖွဲ့က ဝင်ရောက်တိုက်ခိုက်ပြီးနောက် မွိုက်စ်ဟာ သူ့အိပ်ခန်းအတွင်းမှာပဲ ပစ်သတ်ခံခဲ့ရတာပါ။
ဘာဒီယိုဟာ ကိုလံဘီယာ အထူးကြေးစား တိုက်ခိုက်ရေးသမားတွေကို အသေတိုက်ခိုက်ဖို့ အမိန့်ပေးခဲ့တယ် လို့ စုံစမ်းစစ်ဆေးသူတွေက စွပ်စွဲထားပါတယ်။
Source/Photo-Reuters