လီဗာပူးနောက်ခံလူ ရော်ဘတ်ဆန်ဟာ ပခုံးဒဏ်ရာကို ခွဲစိတ်ကုသသွားရမှာဖြစ်လို့ ကာလရှည် အနားယူရနိုင်ကြောင်း နည်းပြ ယာဂန်ကလော့ပ်က ပြောသွားပါတယ်။
ရော်ဘတ်ဆန်ဟာ စကော့တလန်အသင်းက စပိန်အသင်းကို ၂ ဂိုး ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ ပခုံးဒဏ်ရာရခဲ့တာဖြစ်ပြီး ပထမပိုင်းမပြီးခင်မှာပဲလူစားလဲခဲ့ရတာပါ။
ဒဏ်ရာအခြေအနေက ခွဲစိတ်ကုသဖို့လိုအပ်တာကြောင့် အနားယူသွားရမှာဖြစ်ပြီး အချိန်ကာလ ဘယ်လောက်အထိအနားယူရမလဲဆိုတာတော့ မသိနိုင်သေး ကြောင်း နည်းပြကလော့ပ်က ပြောပါတယ်။
ရော်ဘတ်ဆန်အနေနဲ့ ခွဲစိတ်ကုသမူ မပြုလုပ်ဘူးဆိုရင်လည်း ပြန်လည်ကောင်းမွန်ဖို့ အခွင့်အရေးအနည်းငယ်ရှိပေမဲ့ ခွဲစိတ်ကုသလိုက်တာက အကောင်းဆုံးဖြစ်တယ်လို့ ကျွမ်းကျင်ဆရာဝန်တွေအားလုံးက တိုက်တွန်းကြောင်း ကလော့ပ်က ပြောပါတယ်။
ရော်ဘတ်ဆန်ကို လက်လွှတ်ရမယ့် လီဗာပူးဟာ သူ့နေရာမှာ ဂရိနောက်ခံလူ ဆီမီကတ်စ်ကို အသုံးပြုသွားဖို့ရှိပါတယ်။
Photo-Reuters