ဂိုးသမားအိုနားနားအနေနဲ့ အသင်းရဲ့ ဂိုးသမားဟောင်းတွေဖြစ်တဲ့ ရှမိုက်ကယ်နဲ့ ဒီဂီယာတို့ကို အတုယူရမှာဖြစ်ကြောင်း နည်းပြ တန်ဟတ်ဂ်က ပြောသွားပါတယ်။
ကင်မရွန်းဂိုးသမားဟာ အခုနှစ် ရာသီကမှ အီတလီကလပ်အင်တာမီလန်ကနေ ပေါင် ၄၇ သန်းလောက်နဲ့ ပြောင်းရွှေ့လာခဲ့ပြီးနောက် အမှားအယွင်းတွေ အကြိမ်ကြိမ် ပြုလုပ်ခဲ့တာပါ။
နည်းပြအဲရစ်တန်ဟတ်ဂ်ကတော့ မန်ယူအသင်းရဲ့ဂိုးသမားကြီးတွေဖြစ်တဲ့ ရှမိုက်ကယ်နဲ့ ဒီဂီယာတို့ဟာလည်း အသင်းနဲ့ အစပိုင်းပွဲစဉ်တွေမှာ ကောင်းမွန်တဲ့လက်စွမ်း ပြသနိုင်ခဲ့တာ မဟုတ်ကြောင်း ပြောပါတယ်။
နည်းပြတန်ဟတ်ဂ်က“အန်ဒရီအနေနဲ့ အသင်းရဲ့ ဂိုးသမားဟောင်းတွေရဲ့အစဉ်အလာကို သိနေတာက ကောင်းမွန်ပါတယ်။ ကျနော်တို့လည်းသိပါတယ်။ သူ့အနေနဲ့ အများကြီး ပိုကောင်းလာဦးမှာပါ။ ပရီးမီးယားလိဂ်ဆီ လာရောက်ကစားတဲ့ ကစားသမားတိုင်းက အသားကျဖို့ အချိန်တစ်ခုတော့ ယူရလေ့ရှိပါတယ်”လို့ ပြောပါတယ်။
အသက် ၂၇ နှစ်ရှိ ဂိုးသမားအိုနားနားဟာ မန်ယူအသင်းနဲ့ စုစုပေါင်း ၁၁ ပွဲကစားခဲ့ရာမှာ ၃ ပွဲမှာပဲ ပေးဂိုးမရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။
Photo-Reuters