Home
နိုင်ငံတကာ
ရွှေ့ပြောင်းနေထိုင်သူ ၆၀ ခန့်ကို စပိန်ကမ်းခြေေစာင့်တပ် ကယ်တင်
DVB
·
October 20, 2023
Spain Migrants_20102023

စပိန်ကမ်းရိုးတန်းစောင့်တပ်ဖွဲ့ဟာ ကနေရီကျွန်းစုတွေဆီ ရောက်ရှိအောင် ကြိုးစားနေကြတဲ့ ရွှေ့ပြောင်းနေထိုင်သူ အနည်းဆုံး ၅၉ ဦးကို အောက်တိုဘာ ၁၉ ရက်က ကယ်ဆယ်နိုင်ခဲ့ပါတယ်။

ကမ်းရိုးတန်းစောင့်သင်္ဘော မာကွန်ဒိုရဲ့ အမှုထမ်းတွေဟာ ဂရန်း ကနေရီယာကျွန်းကနေ ၅ မိုင်လောက်အကွာမှာ ရွက်လွှင့်နေတဲ့ ရာဘာလှေအတွင်း အမျိုးသား ၄၇ ဦး၊ အမျိုးသမီး ၁၁ ဦးနဲ့ ကလေးငယ်တဦးတို့ကို တွေ့ရှိ ကယ်ဆယ်ခဲ့တာပါ။

ရွှေ့ပြောင်းနေထိုင်သူတွေကို အာရ်ဂင်းနဂင်း ဆိပ်ကမ်းကို ခေါ်ဆောင်သွားခဲ့ပြီး သူတို့ကို ကြက်ခြေနီဝန်ထမ်းတွေက စောင်နဲ့ ဆေးဝါးကုသမှုတွေ ပေးအပ်ခဲ့ပါတယ်။

အခုနှစ် ဇန်နဝါရီ ၁ ရက်မှ အောက်တိုဘာ ၁၅ ရက်အတွင်း အတ္တလန္တိတ်ရှိ ကျွန်းစုတွေမှာ ရွှေ့ပြောင်းနေထိုင်သူ ၂၃,၅၃၇ ဦးကို လက်ခံရရှိခဲ့ပြီး မနှစ်က အလားတူကာလထက် ၈၀ ရာခိုင်နှုန်း တိုးလာကြောင်း စပိန်ပြည်ထဲရေးဝန်ကြီးဌာနရဲ့ အချက်အလက်တွေအရ သိရပါတယ်။

ကနေရီကျွန်းစုရဲ့ ကျွန်း ၇ ကျွန်းဟာ စပိန်ကိုရောက်ရှိဖို့ ကြိုးစားနေတဲ့ ဆီနီဂေါနဲ့ တခြား အာဖရိကနိုင်ငံတွေက ရွှေ့ပြောင်းနေထိုင်သူတွေအတွက် အဓိကနေရာ ဖြစ်လာပါတယ်။

Source/Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024