Home
မြန်မာသတင်း
ဗန်းမော်တွင် ရွှေဆိုင်ဓားပြတိုက်ခံရပြီး ရွှေ ၁ ပိဿာခန့်ပါသွား
DVB
·
October 20, 2023
Aung Thiri Gold Rubber_20102023

ကချင်ပြည်နယ်၊ ဗန်းမော်မြို့ ၊ ညောင်ပင်ရပ်ရှိ အောင်သီရိ စိန်ရွှေရတနာဆိုင်မှာ  အောက်တိုဘာ ၂၀ ရက် မနက် ၉ နာရီလောက်က  ဓားပြမှုဖြစ်ပွားပြီး ရွှေထည်ပစ္စည်းတွေ တစ် ပိဿာလောက်ပါသွားတယ်လို့  ဆိုင်ပိုင်ရှင်နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

လူငယ် ၅ ယောက်လောက်က ဆိုင်ထဲဝင်လာပြီး သေနတ်ကိုင်ဆောင် ခြိမ်းခြောက်ကာ ဆိုင်အတွင်းခင်းကျင်းထားတဲ့  ရွှေထည်ပစ္စည်းတွေကို လုယက်သွားတာဖြစ်ပြီး အော်ဟစ်အကူအညီတောင်းတဲ့ ဝန်ထမ်းကိုလည်း ရိုက်နှက်ကန်ကျောက်ခဲ့တယ်လို့ သိရပါတယ်။

ဆိုင်ပိုင်ရှင်နှင့်နီးစပ်သူတစ်ဦးက “သေနတ်ကိုင်ပြီးဝင်လာပြီး အကုန်လုံး ဝပ်ဝပ်ဆိုပြီး အသင့်ပါလာတဲ့ ပစ္စည်းတွေနဲ့ မှန်ကောင်တာတွေကို ထုခွဲပြီးမှ ခင်းထားတဲ့ ရွှေထည်တွေကို ကျောပိုးအိတ်ထဲ သိမ်းကျုံးထည့်ယူသွားကြတာ။ ဘာမှ ပြန်ခုခံလို့ မရဘူး၊ ဆွဲကြိုး၊ ဆွဲသီး၊ ဟန်းချိန်းအားလုံး ခန့်မှန်း တစ်ပိဿာနီးနီးလောက်တော့ ပါသွားတယ်”လို့ ပြောပါတယ်။

ဓားပြမှုဖြစ်ပြီးနောက် ရဲတပ်ဖွဲ့ဝင်တွေနဲ့  စစ်သားတွေက လမ်းတချို့မှာ ပိတ်ဆို့ တားဆီးစစ်ဆေးနေပြီး လုယက်ခံလိုက်ရတဲ့ ပစ္စည်းတွေကို အသေးစိတ်စာရင်းပြုစုနေပါတယ်။ 

ဗန်းမော်မြို့ သာစည်ရပ်ကွက် ဗန်းမော်- မန္တလေးလမ်းမကြီးရှိ နန်းတော်ဦး ဖုန်းဆိုင်နဲ့ ငွေလဲကောင်တာမှာလည်း ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် စက်တင်ဘာလက  လူတယောက်က ဓားပြတိုက် လုယူခံခဲ့ရဖူးပြီး မြန်မာငွေ ကျပ်သိန်း ၇၀ ကျော်နဲ့ တရုတ်ငွေ ယွမ် ၇၀၀၀ ကျော် လုယက်ခံခဲ့ရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024