ဂျပန်ကာကွယ်ရေးဝန်ကြီး မိနိုရုခိဟာရ နဲ့ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး ရစ်ချာတ် မာလက်စ်တို့ တွေ့ဆုံပြီး အာရှ-ပစိဖိတ်ဒေသတွင်း လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုတွေကို အောက်တိုဘာ ၁၉ ရက်က ဆွေးနွေးခဲ့ပါတယ်။
အစည်းအဝေးအတွင်း မာလက်စ်က သြစတြေးလျရဲ့ အနာဂတ် အမျိုးသားလုံခြုံရေး အစီအစဉ်တွေအတွက် ဂျပန်နဲ့ဆက်ဆံရေးက အခြေခံကျတယ်လို့ ဂျပန်ဝန်ကြီးကို ပြောပါတယ်။
အမေရိကန်နဲ့ ရင်းနှီးတဲ့ မဟာမိတ်တွေဖြစ်တဲ့ သြစတြေးလျနဲ့ ဂျပန်တို့ဟာ မကြာသေးမီနှစ်တွေအတွင်း အင်ဒို-ပစိဖိတ်ဒေသမှာ တရုတ်ရဲ့ စစ်အင်အား တိုးပွားလာနေချိန်အတွင်း နက်ရှိုင်းတဲ့ လုံခြုံရေးဆိုင်ရာ ဆက်ဆံရေးတွေ ဖြစ်ထွန်းလာခဲ့ပါတယ်။
သြစတြေးလျနဲ့ ဂျပန် နှစ်နိုင်ငံဟာ ကာကွယ်ရေးနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်လုပ်ဆောင်ဖို့ နှစ်နိုင်ငံ စစ်ဘက်တွေမှာ လုံခြုံရေးဆိုင်ရာ ဆက်ဆံမှုတွေကို အားကောင်းလာစေဖို့ ၂၀၂၂ ခုနှစ် အစောပိုင်းမှာ နှစ်နိုင်ငံအကြား ကာကွယ်ရေးဆိုင်ရာ သဘောတူညီချက် (RAA) ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။
မူလက နှစ်နိုင်ငံစလုံးက ထိပ်တန်းသံတမန်နဲ့ ကာကွယ်ရေးအရာရှိတွေကြား ဝန်ကြီးအဆင့် ဆွေးနွေးပွဲကို အောက်တိုဘာ ၂၀ ရက်မှာလုပ်ဖို့ စီစဉ်ထားပေမဲ့ အရှေ့အလယ်ပိုင်းက အခြေအနေတွေကြောင့် ရက်ရွှေ့ဆိုင်းခဲ့တယ်လို့ ဂျပန်ကျိုဒိုသတင်းဌာနက ဖော်ပြခဲ့ပါတယ်။
Source/Photo-Reuters