ဘာစီလိုနာအသင်းဟာ တိုက်စစ်မှူး လီဝန်ဒေါစကီးနေရာအတွက် မန်စီးတီးတိုက်စစ်မှူး အဲလ်ဗာရက်ဇ်ကို ခေါ်ယူဖို့ ပစ်မှတ်ထားနေပါတယ်။
ပိုလန်တိုက်စစ်မှူးဟာ အသက် ၃၅ နှစ်ရှိလာတဲ့အတွက် ရေရှည်အတွက် အယ်လ်ဗာရက်ဇ်ကို ခေါ်ယူဖို့ ဘာစီလိုနာအသင်း စီစဉ်လာခဲ့တာပါ။
အာဂျင်တီးနား တိုက်စစ်ကစားသမားဟာ မနှစ်က ရာသီမှာ ပြိုင်ပွဲစုံ ၁၇ ဂိုးသွင်းခဲ့ပြီး နိုင်ငံအသင်းနဲ့လည်း ကမ္ဘာ့ချန်ပီယံဆု ဖလားရယူနိုင်ခဲ့တာပါ။
စပိန်မီဒီယာ Sport ရဲ့ဖော်ပြချက်အရ ဘာစီလိုနာအသင်းဟာ လီဝန်ဒေါစကီးရဲ့ နေရာမှာ ရေရှည်အစားထိုးနိုင်မယ့် ကစားသမားကို ကြိုတင်ရှာဖွေနေပြီး အယ်လ်ဗာရက်ဇ်ကို နံပါတ် တစ် ပစ်မှတ်အဖြစ် သတ်မှတ်ထားတယ်လို့ သိရပါတယ်။
အသက် ၂၃ နှစ်ရှိ အယ်လ်ဗာရက်ဇ်ဟာ စာချုပ်ဖျက်သိမ်းကြေးအဖြစ် ယူရိုသန်း ၅၀ သာရှိတယ်လို့ သတင်းထွက်နေပြီး ဘာစီလိုနာအသင်းက စာချုပ်ဖျက်သိမ်းကြေးကို အသုံးချပြီး ခေါ်ယူဖို့ ကြိုးပမ်းနေတယ်လို့ သိရပါတယ်။
Photo-Reuters