စပါးအသင်းနဲ့ပွဲစဉ်မှာ လီဗာပူးက ဒီယက်ဇ်ရဲ့သွင်းဂိုးကို မှားယွင်းပယ်ဖျက်ခဲ့တဲ့ ဒိုင်လူကြီးနှစ်ယောက်ဟာ အရေးယူခံထားပြီးနောက် လာမယ့်ပွဲစဉ်တွေမှာ ပြန်လည်တာဝန်ယူ ကိုင်တွယ်တော့မှာပါ။
VAR ဒိုင်လူကြီးဖြစ်သူ ဒါရင်းအင်္ဂလန်နဲ့ လက်ထောက်ဒိုင် ဒမ်းကွတ်ခ်တို့ဟာ လီဗာပူးရဲ့ သွင်းဂိုးအပေါ် လူကျွံတယ်ဆိုပြီး မှားယွင်းပယ်ဖျက်ခဲ့ပြီးနောက် ပွဲကြီးကြပ်ခွင့် တပတ် ရပ်နားခံခဲ့ရတာပါ။
လာမယ့် ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာတော့ သူတို့နှစ်ဦးကို ပြန်လည်တာဝန်ပေးအပ်တော့မှာ ဖြစ်ပြီး ဒါရင်းအင်္ဂလန်က ဘရန့်ဖို့ဒ်နဲ့ ဘန်လေပွဲစဉ်မှာ စတုတ္ထဒိုင်လူကြီးအနေနဲ့ တာဝန်ယူ ပေးအပ်ခံရဖို့ ရှိပါတယ်။
ဒမ်းကွတ်ခ်ကတော့ ရှက်ဖီးလ်ယူနိုက်တက်နဲ့ မန်ယူအသင်းတို့ပွဲစဉ်မှာ စည်းကြပ်ဒိုင်အနေနဲ့ တာဝန်ယူသွားဖို့ရှိတယ်လို့ သိရပါတယ်။