ရုရှားသမ္မတ ဗလာဒီမာပူတင်ဟာ အောက်တိုဘာ ၁၇ ရက်က တရုတ်မြို့တော် ပေကျင်းမြို့ဆီ ရောက်လာပါတယ်။
ယူကရိန်းနဲ့ စစ်ပွဲဖြစ်ပွားနေချိန် မတ်လတုန်းက နယ်သာလန်နိုင်ငံ သဟိတ်မြို့ နိုင်ငံတကာ ရာဇဝတ်မှုခုံရုံးက ပူတင်ကို ဖမ်းဝရမ်းထုတ်ပြီးနောက်ပိုင်း ပူတင်ရဲ့ ဒုတိယအကြိမ် ပြည်ပခရီးစဉ်လည်း ဖြစ်ပါတယ်။
ပူတင်နဲ့ သူ့အဖွဲ့ဝင်တွေ ဒီနေ့မနက် ပေကျင်းမြို့တော် အပြည်ပြည်ဆိုင်ရာလေဆိပ်ဆီ လေကြောင်းခရီးနဲ့ ရောက်လာချိန်မှာ တရုတ်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဝမ်ဝင်ထောင်က ကြိုဆိုခဲ့ပါတယ်။
တရုတ်သမ္မတက တည်ခင်းကျင်းပတဲ့ ဖိုရမ်ရဲ့ တရားဝင်အဖွင့်ဧည့်ခံပွဲကို ပူတင်က တက်မှာဖြစ်ပြီး ဗီယက်နမ်၊ ထိုင်း၊ မွန်ဂိုလီးယားနဲ့ လာအိုနိုင်ငံတို့က ခေါင်းဆောင်တွေနဲ့ အင်္ဂါနေ့မှာ ဆွေးနွေးမယ်လို့ ရုရှားမီဒီယာတွေက ဖော်ပြပါတယ်။
ဖိုရမ်ရဲ့အကြီးအကဲ ဧည့်သည်တော်အဖြစ် ပူတင်ဟာ အောက်တိုဘာ ၁၈ ရက်မှာ ဖိုရမ်မှာ မိန့်ခွန်းပြောမှာပါ။ အဲဒီနောက် အပြန်အလှန် ဆွေးနွေးပွဲအတွက် အဲဒီနေ့နှောင်းပိုင်းမှာ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံမယ်လို့ ရိုက်တာသတင်းဌာနက ကြေညာထားပါတယ်။
Source/Photo-Reuters