အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ရှိ အိမ်ဖြူတော်မှာ ဆန္ဒပြသူတွေဟာ စက်တင်ဘာ ၁၆ ရက်က စုဝေးခဲ့ကြပြီး ဂါဇာကမ်းမြောင်ဒေသမှာ အပစ်အခတ်ရပ်စဲရေးကို ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
“ဂျူးတွေက ပြောနေပြီ …. အခုပဲ အပစ်အခတ်ရပ်စဲရေး လုပ်ပါ၊ တင်းမာမှုတွေ အခုလျှော့ပါ” စသဖြင့် ရေးသားထားတဲ့ ဆိုင်းဘုတ်တွေကို ကိုင်ဆောင်ထားပြီးတော့ ဆန္ဒပြသူတွေဟာ အမေရိကန်ပြည်ထောင်စုရှိ ဂျူးအသိုက်အဝန်းရဲ့ စကားတွေကို နားထောင်ပေးဖို့၊ ပဋိပက္ခကို အရှိန်လျှော့ဖို့ အစ္စရေးရဲ့ ရန်လိုမှုကို ထိန်းချုပ်ပေးဖို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ကို တိုက်တွန်းခဲ့ကြပါတယ်။
ဂျူးအုပ်စုတွေ ဦးဆောင်တဲ့ ဆန္ဒပြပွဲအတွင်း အိမ်ဖြူတော်ဆီ ဝင်ပေါက်တွေကို ပိတ်ဆို့ထားတဲ့ လူအများအပြားကို ရဲတွေက ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။
၇၅ နှစ်တာ အစ္စရေးသမိုင်းမှာ အသေအပျောက် အများဆုံးနေ့ဖြစ်တဲ့ အောက်တိုဘာ ၇ ရက်မှာ ဟားမတ်စ်တိုက်ခိုက်ရေးသမားတွေဟာ အစ္စရေးနယ်စပ်ကို ကျူးကျော်ဝင်ရောက်ခဲ့ပြီး သေနတ်ပစ်ခတ်ခဲ့မှုကြောင့် အရပ်သား အများစုဖြစ်တဲ့ လူပေါင်း ၁,၃၀၀ သေဆုံးခဲ့ရပြီးနောက်မှာ အစ္စရေးက ဂါဇာကို ထိန်းချုပ်ထားတဲ့ ဟားမတ်စ်အဖွဲ့ကို ချေမှုန်းပစ်မယ်လို့ ကတိပြုထားပါတယ်။
ပါလက်စတိုင်း ၂ ဒသမ ၃ သန်းနေထိုင်ရာ ဂါဇာကမ်းမြောင်ဒေသကို အလုံးစုံ ပိတ်ဆို့ တားဆီးမှုအောက်မှာ မကြုံစဘူး လေကြောင်းတိုက်ခိုက်မှုတွေနဲ့ လက်တုံ့ပြန်ခဲ့တဲ့အပြင် မြေပြင်ချေမှုန်းရေး လုပ်ဆောင်ဖို့လည်း အစ္စရေးဘက်က ကျယ်ကျယ်ပြန့်ပြန့် ပြင်ဆင်နေတာပါ။
ဂါဇာကမ်းမြောင်ဒေသမှာ လူပေါင်း ၂,၈၀၀ ကျော် သေဆုံးခဲ့ပြီး အဲဒီထဲက ၄ ပုံ ၁ ပုံလောက်ဟာ ကလေးငယ်တွေ ဖြစ်ကြပါတယ်။
ဆေးရုံတွေမှာ ဒဏ်ရာရရှိသူ ၁၀,၀၀၀ ကျော်ရှိပြီး အထောက်အပံ့တွေ ပြတ်လပ်နေတယ်လို့ ဂါဇာအာဏာပိုင်တွေက ပြောပါတယ်။
Source/Photo-Reuters