Home
မြန်မာသတင်း
ရန်ကုန်တွင် ကျပ်သိန်း ၁၀၀၀ တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ အမျိုးသား ၄ ဦးကို ဖမ်းမိ
DVB
·
October 16, 2023
drug_16102023

ရန်ကုန်တိုင်း မြောက်ဒဂုံ၊ တောင်ဥက္ကလာနဲ့ မြောက်ဥက္ကာလာမြို့နယ်တွေမှာ ၂ ရက်အတွင်း အမျိုသား ၄ ဦးကို ကျပ်သိန်း ၁ ထောင်နီးပါး တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေနဲ့အတူ  ဖမ်းမိရမိခဲ့တယ်လို့ တိုင်းရဲတပ်ဖွဲ့က သိရပါတယ်။

မြောက်ဒဂုံမြို့နယ် ၃၄ ရပ်ကွက်မှာ အောက်တိုဘာ ၁၅ ရက်ညနေ ၄ နာရီက အမျိုးသားတဦး မောင်းလာတဲ့ MICRO BUS ယာဥ်ကို ရဲတွေက ရှာဖွေစစ်ဆေးခဲ့ရာ WY ဆေးကြွဆေးပြား သိန်း ၆၀၀ နီးပါးနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ တိုင်းရဲတပ်ဖွဲ့က အရာရှိတဦးက ဒီဗွီဘီကို ပြောပါတယ်။

"၃၄ ရပ်ကွက်မှာ တယောက်မိတယ်၊ ၃၉ ရပ်ကွက်မှာ တယောက်မိတယ်၊ နောက်တယောက်က ဆေးပြားတွေမိပေမဲ့ နည်းတယ်။ မနေ့ကလည်း ၂ ယောက်ဖမ်းမိသေးတယ်။ ၂ ရက်မှာ ဖမ်းမိတာ သိန်း ၁ ထောင်ဖိုးလောက်ရှိတယ်။" 

မြောက်ဒဂုံမြို့နယ် ၃၄ ရပ်ကွက်မှာ ဖမ်းမိခဲ့တဲ့ ဦးမြင့်ဝင်းရဲ့ ထွက်ဆိုချက်အရ ညနေ ၅ နာရီမှာ ၃၉ ရပ်ကွက်ရှိ နေအိမ်တလုံးမှာ ဦးကျော်သိန်းဆိုသူကို မူးယစ်ဆေးဝါးတွေနဲ့အတူ ထပ်မံဖမ်းဆီးရမိခဲ့တာလို့ သူက ပြောပါတယ်။

အလားတူပင် မြောက်ဥက္ကလာပမြို့နယ် စျ ရပ်ကွက်မှာ အောက်တိုဘာ ၁၄ ရက် နေ့လယ် ၂ နာရီက အမျိုးသားတဦးကို ကက်တမင်းအလေးချိန် ၁ ဒသမ ၃၇၅ ကီလိုနဲ့ Happy Water အလေးချိန် ၁၃၅ ဂရမ်အပြင် လက်ကိုင်ဖုန်းတလုံးကို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

"ကားပေါ်မှာမိတဲ့ သူကဖော်လို့ တောင်ဥက္ကလာမှာ နောက်တယောက်ထပ်မိတယ်၊ သူတို့နှစ်ယောက်လည်း ပစွည်းများတယ်။" 

မြောက်ဥက္ကလာပမြို့နယ်မှာ ဖမ်းမိတဲ့ စိုင်းစွမ်းထက်ဗိုလ်ရဲ့ ထွက်ဆိုချက်အရ တောင်ဥက္ကလာပမြို့နယ် ၁၂ ရပ်ကွက် ဘုရဏီ ၁၂ လမ်းမှာ အမျိုးသားတဦးကို ထပ်မံဖမ်းဆီးခဲ့တယ်လို့ ပြောပါတယ်။

လတ်တလောမှာ မူးယစ်ဆေးဝါးတွေနဲ့ လက်ဝယ်တွေ့ရှိသူ မြောက်ဒဂုံမြို့နယ်မှ ဦးမြင့်ဝင်း၊ ဦးကျော်သိန်း၊ မြောက်ဥက္ကလာပမြို့နယ်မှ စိုင်းစွမ်းထက်ဗိုလ်၊ တောင်ဥက္ကလာပမြို့နယ်မှ ဦးထွန်းထွန်းစိန် တို့ လေးဦးကို မြို့နယ်ရဲစခန်းတွေက မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အမူဖွင့်အရေးယူထားတယ်လို့ ရဲတပ်ဖွဲ့က သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024