ဟားမတ်စ်တို့ရဲ့ တိုက်ခိုက်မှုအပေါ် အစ္စရေးရဲ့ တုံ့ပြန်မှုဟာ မိမိကိုယ်ကို ခုခံကာကွယ်ခြင်းထက် ကျော်လွန်ပြီး စုပေါင်း ပြစ်ဒဏ်ပေးလိုက်တာပဲလို့ အီဂျစ်သမ္မတ အဘ်ဒယ်ဖှာတာ အယ်လ်စီစီက အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်ထော်နီ ဘလင်ကန်ကို ပြောလိုက်ပါတယ်။
ဆက်လက်ဖြစ်ပွားနေဆဲ ပဋိပက္ခတွေမှာ အရပ်သားတွေကို ပစ်မှတ်ထားနေတာကို ငြင်းပယ်တယ် လို့လည်း အယ်လ်စီစီက ဘလင်ကန်နဲ့ တွေ့ဆုံချိန် အီဂျစ်မြို့တော် ကိုင်ရို မှာ အောက်တိုဘာ ၁၅ ရက်က ပြောခဲ့ပါတယ်။
ဂါဇာကမ်းမြောင်ဒေသဆီ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီတွေ ရရှိရေး သံတမန်ရေးရာ ကြိုးပမ်းမှုတွေကို အရှိန်မြှင့်လုပ်ဆောင်ခဲ့တယ်လို့ အီဂျစ်က တနင်္ဂနွေနေ့မှာ ပြောပါတယ်။
နိုင်ငံခြား နိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူ တချို့ကို ရာဖှယ်တောင်ကြားကို ဖြတ်ပြီး အီဂျစ်နိုင်ငံဆီ ကို ရောက်အောင် သယ်ထုတ်ရင်း ဂါဇာကမ်းမြှောင်ဆီကို အကူအညီတွေ ဘေးကင်းကင်းနဲ့ ပို့ဆောင်နိုင်ရေး သဘောတူညီချက် မရခဲ့လို့ နိုင်ငံအတော်များများဆီက အကူအညီတွေဟာ အီဂျစ်နိုင်ငံ ဆိုင်းနိုင်းကျွန်းဆွယ်မှာ စုပုံနေပါတယ်။
Source/Photo-Reuters