ဟားမတ်စ်ခေါင်းဆောင် အစ္စမေးလ် ဟာနီယေနဲ့ အီရန်နိုင်ငံခြားရေးဝန်ကြီး ဟိုစိန် အမီရာဒိုလာဟန်တို့ ကာတာနိုင်ငံမှာ အောက်တိုဘာ ၁၄ ရက်က တွေ့ဆုံခဲ့ကြပါတယ်။
ကာတာမြို့တော် ဒိုဟာမှာ တွေ့ဆုံမှုအတွင်း အီရန်နိုင်ငံခြားရေးဝန်ကြီး ဟိုစိန် အမီရာဒိုလာဟန်က ဟားမတ်ရဲ့ စီးနင်းတိုက်ခိုက်မှုဟာ သမိုင်းဝင် အောင်ပွဲတခုဖြစ်တယ်လို့ ချီးကျူးပြော ဆိုခဲ့ပါတယ်။
အစ္စရေးနိုင်ငံမှာ ပါလက်စတိုင်း ဟားမတ်စစ်သွေးကြွအဖွဲ့ရဲ့ ထိရောက်တဲ့ တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး အဓိကထား ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။
ဟားမတ်စ်အဖွဲ့ရဲ့ ရည်မှန်းချက်တွေအတိုင်း အောင်မြင်မှု ရရှိအောင် ဆက်လက်ပူးပေါင်း ဆောင်ရွက်ဖို့ သဘောတူညီခဲ့ကြတယ်လို့ ဆွေးနွေးပွဲအပြီး ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
ဒီတိုက်ပွဲကြောင့် အစ္စရေးနိုင်ငံရဲ့ ပါလက်စတိုင်းနယ်မြေတွေအပေါ် ကျူးကျော်သိမ်းပိုက်မှုကို ဆုတ်ယုတ် စေခဲ့တယ်ဆိုပြီး အီရန်နိုင်ငံခြားရေးဝန်ကြီးအနေနဲ့ မှတ်ချက်ပေးပါတယ်။
Source/Photo-Reuters