ပြင်သစ်နိုင်ငံ ပဲရစ်မြို့က အထင်ကရ လုဗ်ပြတိုက်ကို ဗုံးသတိပေးချက် ရောက်ရှိလာခဲ့ပြီးနောက် ပိတ်ထား လိုက်ရတယ်လို့ အောက်တိုဘာ ၁၄ ရက် ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ ကမ်မီးလ် ချေ့ဇ်က အတည်ပြုပါတယ်။
ဒီပြတိုက်အတွင်း အန္တရာယ်ကင်းမှု သေချာအောင် စစ်ဆေးမှုတွေ ပြုလုပ်ခဲ့တဲ့အပြင် ဘေးလွတ်ရာ ပြောင်းရွှေ့မှုတွေပါ ပြုလုပ်ပေးခဲ့ကြောင်း ဖြည့်စွက်ပြောပါတယ်။
ပြင်သစ်မြို့တော် အပြင်ဘက်နားက ဗာဆိုင်းလ်နန်းတော်မှာလည်း ဗုံးသတိပေးချက်ကြောင့် ပြည်သူတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့တယ်ဆိုပြီး ရဲတပ်ဖွဲ့အနေနဲ့ မှတ်ချက်ပေးပါတယ်။
ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခွန်းကတော့ လုံခြုံရေးတိုးမြှင့်တဲ့အနေနဲ့ စစ်သားပေါင်း ၇၀၀၀ ကို ကင်းလှည့်ရာမှာ ပြင်ဆင်ထားကြဖို့အတွက် အမိန့်ပေးထားပါ တယ်။
ဒါဟာ အစ္စလာမ္မစ်တိုက်ခိုက်မှု တခုအတွင်း ဆရာ တဦး ဓားနဲ့ထိုးသတ်ခံခဲ့ရပြီးနောက် တရက် အကြာမှာပဲ သမ္မတရုံးက ဒီအမိန့်ကို ထုတ်ပြန်ခဲ့တာပါ။
ပြင်သစ်မြောက်ပိုင်း အားဟက်စ်မြို့ရဲ့ စာသင်ကျောင်းတခုမှာ အသက် ၂၀ အရွယ် အမျိုးသား တဦး က ဆရာ တဦးကို အသက်ဆုံးရှုံးတဲ့အထိ ဓားနဲ့ထိုးသတ်ခဲ့သလို နောက်ထပ် ၂ ဦးကိုလည်း ဒဏ်ရာအပြင်းအထန် ရရှိစေခဲ့ပါတယ်။
အဲဒီဖြစ်ရပ်အပြီး သောကြာနေ့မှာတော့ ပြင်သစ်နိုင်ငံအတွင်း အမြင့်ဆုံးလုံခြုံရေး သတိပေးချက် တရပ် ထုတ်ပြန်ခဲ့ကြောင်း သိရပါတယ်။
Source/Photo-Reuters