လကကမ္ဘာနဲ့ နေ ရဲ့ ကြားထဲကို အောက်တိုဘာ ၁၄ ရက်က ရောက်လာလို့ နေအကွင်းကြတ်တဲ့ ဖြစ်စဉ် ဖြစ်လာတာကို အမေရိကန်နိုင်ငံ ယူတာပြည်နယ်က နတ်ဘုရားများတောင်ကြားကနေ မြင်တွေ့ခဲ့ရပါတယ်။
လကကမ္ဘာနဲ့ အဝေးဆုံးနေရာမှာ ရောက်နေလို့ နေရဲ့မျက်နှာပြင်ကို လုံးဝအပြည့် ဖုံးအုပ်မထားနိုင်တဲ့အတွက် နေအကွင်းကြတ်ခြင်း ဖြစ်ခဲ့တာပါ။
ဒါကြောင့်လရဲ့ အရိပ် အမှောင်အဝိုင်းကို ဝန်းရံထားတဲ့ မီးကွင်းအဖြစ် မြင်ရလို့ နေအကွင်းကြတ်ခြင်းလို့ လူသိများတဲ့ ဖြစ်စဉ်တရပ် ဖြစ်လာခဲ့ပါတယ်။
အမေရိကန် အာကာသ အေဂျင်စီ NASA ရဲ့ အဆိုအရ စနေနေ့မှာ အမေရိကန်နိုင်ငံအတွင်း နေကြတ်မယ့်လမ်းကြောင်းဟာ မနက် ၉ နာရီ ၁၃ မိနစ် မှာ စတင်ခဲ့တာပါ။
အော်ရီဂွန်၊ ကယ်လီဖိုးနီးယား၊ နီဗားဒါး၊ ယူတာ၊ အရီဇိုးနား၊ နယူးမက်ဆီကိုနဲ့ တက္ကဆက်အပါအဝင် ပြည်နယ်အများအပြားရဲ့ အစိတ်အပိုင်းတွေကို ဖြတ်သန်းခဲ့ပါတယ်။
အဲဒီနောက် နေကြတ်တဲ့ လမ်းကြောင်းဟာ မက္ကဆီကို၊ ဂွါတီမာလာ၊ ဘီလီဇ်၊ ဟွန်ဒူးရပ်စ်၊ နီကာရာဂွါ၊ ပနားမား၊ ကိုလံဘီယာနဲ့ ဘရာဇီးနိုင်ငံတို့ရဲ့ အစိတ်အပိုင်းတွေကို ဖြတ်ကျော်ပြီး အတ္တလန္တိတ်သမုဒ္ဒရာထဲမှာ နေဝင်ချိန်မှာ နေအကွင်းကြတ်ခြင်း ဖြစ်စဉ် ပြီးဆုံးခဲ့ပါတယ်။
Source/Photo-Reuters