မက္ကဆီကိုနိုင်ငံက မာယာလူမျိုးတွေရဲ့ ယူကာတန်ကျွန်းဆွယ်ဟာ အောက်တိုဘာ ၁၄ ရက်မှာ နေကြတ်မှုဖြစ်စဉ် လမ်းကြောင်းပေါ် ရောက်ရှိနေပြီ ဖြစ်တယ်လို့ သိရပါတယ်။
အခုလို နက္ခတ္တဗေဒဆိုင်ရာ ဖြစ်ရပ်ဆန်းကို ဒေသခံတွေနဲ့အတူ ခရီးသွားတွေကပါ အပြည့်အ၀ ကြည့်ရှုနိုင်ဖို့ ပြင်ဆင်နေကြပြီ ဖြစ်ပါတယ်။
ဒါပေမယ့်လည်း သဘာဝတရားနဲ့ နီးစပ်မှုရှိတဲ့ ရှေးဟောင်းမာယာ လူမျိုးတွေအတွက် နေကြတ်၊ လကြတ်မှုက ဖြစ်ရပ် ဆိုးတွေကို နိမိတ်ပြတာဖြစ်ကြောင်း ဒေါက်တာ ကာဆီရာ အက်စသာ ချူအူ ဆယ်အနေနဲ့ မှတ်ချက်ပေးပါတယ်။
ဒီလိုမျိုး နေကြတ်၊ လကြတ်မှုနဲ့ ပတ်သက်ပြီး ကျားသစ် တကောင်က နေနဲ့ လကို စားသုံးနေတဲ့ ပုံစံမျိုးနဲ့ အဓိပ္ပာယ်ကောက်၊ သရုပ်ဖော်လေ့ ရှိတယ်လို့လည်း ဆိုပါတယ်။
ဒါကြောင့် ခေတ်သစ် မာယာလူမျိုးတွေက ဒီတိရစ္ဆာန်ကို ရပ်တန့်နိုင်ဖို့ ဒယ်အိုး၊ ဒယ်ပြားတွေ တီးကာ ကြိုးပမ်းလေ့ရှိတယ်ဆိုပြီး ရှေးဟောင်းသုတသန ပညာရှင် ဖလောရန်တီးနိုး ဂါစီယာအနေနဲ့ ရှင်းပြပါတယ်။
လဟာ ကမ္ဘာမြေနဲ့ အဝေးဆုံးနေရာမှာ ရှိနေပြီး နေနဲ့ကမ္ဘာကြား ဖြတ်သန်းသွားချိန်တွေမှာ အလင်းရောင်ကွင်းပါဝင်တဲ့ နေကြတ်မှုဖြစ်စဉ် ပေါ်ပေါက်လာပါ တယ်။
ဒီတခေါက် နေကြတ်မှုကတော့ အမေရိကတိုက်ရဲ့ မြောက်ပိုင်း၊ အလယ်ပိုင်းနဲ့ တောင်းပိုင်းကို ဖြတ်ကျော်သွား မှာဖြစ်ပြီး အမေရိကန်နိုင်ငံရဲ့ ပစိဖိတ် အနောက်မြောက်ပိုင်းမှ စတင်ကာ ဘရာဇီးလ် နိုင်ငံရဲ့ အရှေ့ဖက်ကမ်းရိုးတန်းမှာ အဆုံးသတ်မှာဖြစ်ကြောင်း သိရပါတယ်။
Source/Photo-Reuters